💕 6 💕

5K 593 38
                                    

Zawgyi

တစ်နှစ်မှတစ်ခါသာကျရောက်တဲ့မွေးနေ့ကို ကုမ္ပဏီမှာအလုပ်တွေလုပ်ရင်းနဲ့ဘဲ ကုန်ဆုံးနေရတာ သိပ်တော့မဟုတ် ... ဒါပေမယ့်လည်း အရွယ်ရလာပြီးနောက်ပိုင်း မွေးနေ့ဆိုတာကြီးကို သိပ်အာရုံမထားတော့ဘဲ မေ့မေ့ပျောက်ပျောက်သာနေဖြစ်သည် ။

မာမားနဲ့ပါပါးက ဒီလိုနေ့တိုင်း ဟိုဘက်ကိုပြန်လာဖို့ပြောပေမယ့် သူ့အတွက်နဲ့အလုပ်မရှုပ်စေချင်တာရယ် ကိုရီးယားမှာရှိနေတဲ့ အလုပ်တွေကိုပစ်မထားနိုင်တာရယ်ကြောင့် ... ပေကပ်ကပ်လုပ်ပြီးမပြန်ဖြစ် ။

ဒါကြောင့်မို့လို့ သူ့မွေးနေ့တိုင်းကို ညနေဘက်အလုပ်တွေပြီးတဲ့အချိန်မှသာ ဝန်ထမ်းတွေအတွက် ဆိုင်ကောင်းကောင်းတစ်ဆိုင်မှာ ဘိုကင်ချိတ်ပေးပြီး ကျင်းပဖြစ်သည် ။

ဒီနှစ်လည်း ကျန်ခဲ့တဲ့နှစ်တွေလိုဘဲ ဝန်ထမ်းတွေအတွက် ပါတီလုပ်ပေးဖို့စီစဉ်ထား၏ ။

တစ်နှစ်နဲ့တစ်နှစ် အသက်ကြီးလာတာကလွဲလို့ တခြားထူးခြားတာမရှိပေမယ့် ဒီနှစ်ကတော့ အရင်နှစ်တွေလိုသူတစ်ယောက်တည်းမဟုတ်တော့ ... အရာရာတိုင်းအတွက် လိုသမျှဖြည့်ဆည်းပေးရမည့် ဆိုးပေလေးတစ်ယောက်ရှိနေပြီဖြစ်သည် ။

ထို့ကြောင့် ညနေအိမ်စောစောပြန်ပြီး ဆိုးပေလေးနှင့် ညစာထွက်စားမည် ... ဒီနေ့သူမွေးနေ့မှန်းမသိတဲ့ကလေးလေးကိုတော့ အပြစ်မတင်ရက် ။

အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ အထက်တန်းကျောင်းသားလေးကို မွေးနေ့ပါဆိုပြီး သူ့အတွက် အထူးတလည်ပြင်ပေးစေချင်ပြီး မပင်ပန်းစေချင်ပါ ။

" ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ သူဌေး "

" ကျေးဇူးပါဗျ "

နောက်မှလိုက်ဝင်လာတဲ့ အတွင်းရေးမှူးကောင်လေးက တက်တက်ကြွကြွနဲ့ဘဲ မွေးနေ့ဆုတောင်းစကားပြော၏ ...

" ခုနကအစည်းအဝေးမှာတင်ပြခဲ့တဲ့ ဖိုင်တွေပါ "

" ဒီနေ့ကို အလုပ်စောစောဆင်းကြပါ
ပြီးတော့ ကျွန်တော်ကအားလုံးအတွက်
ပါတီပြင်ဆင်ထားပါတယ် "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

လက်ထဲကအဖြူရောင်စာအိတ်ကို အားပါးတရပြုံး၍ ခပ်သွက်သွက်ဘဲလှမ်းယူတာကိုကြည့်ပြီး ကိုယ်တိုင်လည်းပြုံးမိသည် ။

My Little Zhang Where stories live. Discover now