"ဟဲ့ ...Park Jihoon နင်ဆိုတာလေ ငါပြောရင်ဘယ်တော့မှသေချာနားမထောင်ဘူး"
Han Sohee တစ်ယောက် Jihoon မေးထောက်နေတဲ့ စားပွဲခုံပေါ် ဘုန်း ကနဲ ထုလိုက်မှ jihoon အသိပြန်ဝင်လာတော့၏။
" အာ.. miyan ... ဘာပြောလိုက်တာလဲ "
" ဘာကိုဘာပြောလိုက်တာလဲ လဲ ..နေပါဦး နင်ကဘာတွေစဉ်းစားနေတာလဲ "
" ဟိုဟာ...ဒီဟာပေါ့ ...နင်တို့မိန်းကလေးတွေသိစရာမလိုပါဘူး "
" ဟမ်...ဒါဆို..ဒီကောင်..ညစ်ညစ်ပတ်ပတ်တွေလျှောက်တွေးနေတာလား ...သေတော့မယ်နင်တော့ "
Sohee ဘေးနားက ဆွဲမိဆွဲရာ စာအုပ်နဲ့ ရိုက်ဖို့ပြင်လိုက်၏။" ဟိုး...ဟိုး...အမလေးလေး...ဒီစာအုပ်ကြီးနဲ့အရိုက်ခံရရင်တော့ သေဖို့ပဲရှိတယ် "
Sohee ပြန်ကြည့်လိုက်မိတော့မှ လက်ကိုပြန်ရုတ်လိုက်ရ၏။
ကမ္ဘာ့သမိုင်းစာအုပ်ကြီးလေ.. World History လို့ပြူးနေအောင်ရေးထားပြီး ပြဲနေအောင်အော်ကျက်ရသောချစ်စရာကောင်းလှပါသော စာအုပ်လေး...အထူအပါးကတော့ ဟိုတလောက ခုံမှာသစ်သားကွာသွားလို့ Jihoon တစ်ယောက် သံထုစရာ တူမရှိတာနဲ့ ဒီသမိုင်းစာအုပ်နဲ့ ထုလိုက်တာသာကြည့်ပါတော့..
ဒီစာအုပ်နဲ့သာ sohee လက်သံနဲ့ jihoon အထုခံလိုက်ရလို့ကတော့ ကျောပြင်ကို ကော့လန်သွားမှာ မြင်ယောင်မိသေး...
"တော်သေးတာပေါ့ sohee ရယ် နင်ဟာလေ စိတ်မြန်လက်မြန် လက်သံပြောင်မ...နင်မေ့ပြီး Jihoon ကိုထုမိရင် ဘယ်လိုလုပ်မလဲ"
sohee စိတ်ထဲကနေ သူ့ကိုယ်သူအပြစ်တင်နေမိသည်။
Jihoon နဲ့ ပတ်သက်လာရင် Sohee ဟာ သူမကိုယ်သူမ ပါ အပြစ်တင်နေမိသူ..ရန်တွေ့နေမိသူ။
အလယ်တန်း ပထမနှစ်ကတည်းက ခင်လာကြတာ အခု အထက်တန်းနောက်ဆုံးနှစ်ထိပဲ။
Jihoon က ကျောင်းမှာအမြဲ ပထမ ရသလောက် Sohee ကတော့ အဆင့် ၂၀ ဝန်းကျင်မှာ...
အမြဲ တပူးပူးတတွဲတွဲမို့ ကျောင်းကသူတို့နှစ်ယောက်ကို အတွဲတွေ ရည်းစားတွေလို့ထင်နေကြသော်လည်း နှစ်ယောက်လုံးကငြင်းထားသည်မို့ စကားစမဖော်ရဲ။
YOU ARE READING
သုံးဖက်မြင်♡3D♡(Panwink)
Fanfictionချစ်နေတာကို ပုန်းလျှိူး ကွယ်လျှိုးမလုပ်ပါနဲ့ အချစ်ဆိုတာ သုံးဖက်မြင်ပဲ.... သက်ဆိုင်သူတွေသာမြင်နိုင်တဲ့ သုံးဖက်မြင်ရုပ်ကြွချစ်ခြင်းတစ်ခုပေါ့... Lai Kuan Lin x park ji hoon ချစ်နေတာကို ပုန်းလျှိုး ကွယ်လျှိုးမလုပ်ပါနဲ့ အချစ်ဆိုတာ သုံးဖက်မြင်ပဲ.... သက်ဆိ...