Part (19)

455 67 16
                                    

" သားရေ .... Jihoon ထတော့လေ "

အမေဖြစ်သူ၏ နှိုးသံကြောင့် Jihoon နိုးလာခဲ့သည်။

" jihoon ah.. ကျောင်းမသွားဘူးလား သား "

" အင်း... omma ... "
အမေကနောက်တစ်ခေါက်ထပ်ခေါ်တာ
ကြောင့် သူအိပ်ရာထဲမှ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြင့်ပြန်ဖြေလိုက်
သည်။

နာရီကိုကြည့်လိုက်တော့ ၇နာရီခွဲပြီး ၁၅ မိနစ်

" ဒါဆို သားရေ အမေတို့အလုပ်သွားပြီနော် "

"  nae omma "

သူညက ပင်ပန်းပြီး နိုးစက်ချဖို့မေ့ခဲ့တာဖြစ်မည်။
ဒါမှမဟုတ်.....ညက သူဒီနေ့ကို ကျောင်းမသွားချင်ခဲ့တာဖြစ်မည်။

ဒီနေ့ကစပြီးနောက်ဘယ်တော့မှ ဒီကျောင်းမှာရှိမနေတော့မယ့်လူတစ်ယောက်အကြောင်းကိုထပ်တွေးမိပြန်တော့ ရင်ထဲကနာကျင်မိပြန်သည်။

မနက်ဖြန်ဆိုသွားတော့မယ့်သူ့ကိုပြုံးပြုံးလေးနဲ့ပဲ နှုတ်ဆက်လိုက်ချင်သည်။

ကုတင်ပေါ်ကထလိုက်ပြီး ရေချိုးရန်ပြင်လိုက်သည်။
သူ လဲ့ နှင့်အတူ Mall ကိုသွားရဦးမည်လေ။

》》》》《《《《

" hello , လဲ့ မ နင်ကျောင်းမလာသေးဘူးလား "
sohee ကျောင်းအခန်းထဲကနေအော်နေမိသည်။

" ဘာ...မလာတော့ဘူး ဟုတ်လား....ဘာလို့တုန်း "

" နင်ကလဲ ငါ့တောင်ကြိုမပြောဘူး..ငါလဲ လိုက်မှာပေါ့ဟဲ့ "

(လဲ့) " ကျောင်းလာခါနီးမှ လှမ်းခေါ်လို့ဟဲ့ .. အစ်ကိုရှောင်က သူမပြန်ခင်လေး ဆိုးလ်ကိုနှံ့အောင်သွားလိုက်ချင်လို့တဲ့ .. တရုတ် စကားလည်လည်ဝယ်ဝယ်ရတာ ငါပဲရှိတာကိုးဟဲ့ "

"ဒါဆို နင်ကတော့ နေပါဦး.... Jihoon ကရော ဘာလို့မလာသေးတာလဲ မသိဘူး ဖုန်းဆက်တာလဲ မကိုင်ဘူး "

(လဲ့) " သူလဲ kuanlin က ဒီနေ့ ကိုရီးယားမှာရှိတာ နောက်ဆုံးဆိုတော့ စိတ်မကောင်းဖြစ်နေမှာပေါ့ ...သူပြန်ဆက်ပါလိမ့်မယ်.. ဟဲ့ဒါပဲနော်...ကားလာပြီ "

" အေး..အေး "

လဲ့နှင့်ဖုန်းပြောပြီး Sohee တစ်ခုခုကိုစဉ်းစားမိလိုက်သည်။

သုံးဖက်မြင်♡3D♡(Panwink)Where stories live. Discover now