" baby ~~baby ~ baby ohhh "
မနက်စောစောစီးစီး သူတောင်မနိုးသေးဘဲ
ဘယ်ကောင်ဖုန်းဆက်တာလဲဟ ဆိုပြီး ဒေါသထွက်စရာမလိုပါ။ဒီဖုန်းသံသည် ကြောင်ပေါက်လေးဆီမှ လာသောဖုန်းဖြစ်သည်။
မင်္ဂလာရှိသော မနက်ခင်းလေးပါပင်။" ဟယ်လို...ပြော Kuanlin လေး "
" အစ်ကိုရှောင်.....နှိုးလိုက်သလိုဖြစ်သွားရင်တောင်းပန်ပါတယ်နော်။ ကျနော့်ကို ညနေ ကျောင်းလာကြိုပေးလို့ရမလားဟင် "အမလေး...ရတာပေါ့...အလုပ်ရှုပ်လဲ အကုန်ဖျက်ပြီးတော့ကိုလာဦးမှာ...
" အင်း...ရတယ်လေ ...ကြားသားမိုးကြိုးပါလား လာတောင်ကြိုခိုင်းလို့ ""အဲ့တာ ညနေ ဈေးဝင်စရာရှိလို့.. ကျောင်းအတွက်ဝယ်စရာတွေ အများကြီးပဲ...မသယ်နိုင်လို့ အစ်ကို့ကိုခေါ်တာ အဆင်ပြေရဲ့လားဟင် "
ဟင် ...ဒါဆို တစ်ယောက်တည်းမဟုတ်လောက်ဘူး
ဟိုကောင် Jihoon hyung ဘာနေဦးမလားမသိဘူး....." အင်း..ရတယ် ကိုလာရင် ဖုန်းဆက်မယ်နော်"
" ဟုတ်ကဲ့....ဒါပဲနော် "
ကြောင်ပေါက်လေးကဖုန်းချသွားတော့ သူနာရီကိုမော့ကြည့်လိုက်သည်။၁၀နာရီခွဲ~~~~
ညက ၃ နာရီအထိ ကုမ္ပဏီ ကိစ္စ စာရင်းဇယားတွေ လုပ်နေရသဖြင့် သူဒီချိန်ထိအိပ်ပျော်သွားခြင်းပင်။
အကြောအချင် ဆန့်လိုက်ပြီး ပြတင်းပေါက်မှ လမ်းမထက်ဆီ ငေးကြည့်လိုက်သည်။နေရောင်ခြည်မှိန်ပျပျလေးအောက်တွင်
သက်ရှိလူသားတို့က ရောင်စုံပန်းကလေးတွေ လေယူရာ လှုပ်ယမ်းနေကြသည့်နှယ် လူးလာဖြတ်သန်းသွားလာနေကြ၏။သူလဲ ပြင်စရာရှိတာပြင်ပြီး အလုပ်စောစောလက်စသတ်နိုင်အောင်လုပ်ရမည်။
~~~~"ဟဲ့ ....ဘာပြောလဲ ရတယ်တဲ့လား " sohee က သိချင်ဇောဖြင့် kuanlin နားကပ်ကာမေး၏။
" အင်း...ရတယ် လာခေါ်မယ်တဲ့ "
" ayeeeeee~~~ လဲ့ရေ...မိုက်တယ်ကွာ...ဟဲဟဲ "
"ဟဲ့ jihoon ကြားတယ်နော်....ညနေ သွားလို့ရပြီ ပျင်းတယ်တွေ မသွားချင်ဘူးတွေ မသယ်နိုင်ဘူးတွေလုပ်မနေနဲ့ ကြားလား "
" ဘယ်သူလာခေါ်မှာမို့လို့လဲ "Jihoon က chemistry စာအုပ်ကိုဖတ်နေရင်း ပြန်မေးလိုက်သည်။
YOU ARE READING
သုံးဖက်မြင်♡3D♡(Panwink)
Fanficချစ်နေတာကို ပုန်းလျှိူး ကွယ်လျှိုးမလုပ်ပါနဲ့ အချစ်ဆိုတာ သုံးဖက်မြင်ပဲ.... သက်ဆိုင်သူတွေသာမြင်နိုင်တဲ့ သုံးဖက်မြင်ရုပ်ကြွချစ်ခြင်းတစ်ခုပေါ့... Lai Kuan Lin x park ji hoon ချစ်နေတာကို ပုန်းလျှိုး ကွယ်လျှိုးမလုပ်ပါနဲ့ အချစ်ဆိုတာ သုံးဖက်မြင်ပဲ.... သက်ဆိ...