Part (12)

513 66 27
                                    

"ဝယ်စရာရှိတာတွေကုန်ပြီမလား" Jihoon ကပြောလိုက်၏။

" အင်း..ကုန်ပြီ အချိန်ကလဲ  ၅နာရီခွဲတော့မယ်ဟ မှောင်တော့မယ် ပြန်ကြမယ်လေ " Sohee ကဖြေလိုက်သည်။
KuanLin က ရှောင် နားကပ်ကာ တစ်ခုခုပြောလိုက်သည်။
ရှောင်ကပြုံးပြပြီး တစ်ခုခုပြန်ပြောလိုက်သည်။

ထို့နောက် Kuanlin က
" ဟဲ့ ဗိုက်မဆာဘူးလား...ငါတို့မုန့်သွားစားကြမယ်လေ....အစ်ကိုရှောင်က ဝယ်ကျွေးမယ်တဲ့ "

" ဟာ တကယ်လား ...ငါကအပြန် အိမ်နားရောက်မှဝင်စားမလို့ လုပ်နေတာ " လဲ့ကဝမ်းပန်းတသာဖြေလိုက်ပါသည်။

Jihoon ကတော့ သူဝယ်ကျွေးတာမို့သိပ်မစားချင်။
Sohee ကလဲ အစောထဲက စိတ်ထိခိုက်သွားရသဖြင့် စားချင်စိတ်မရှိ။
" ငါဗိုက်မဆာဘူးဟ " Sohee ကဖြေလိုက်သည်။
" ဟုတ်လား နင်မစားရင် ငါလဲ မစားတော့ဘူးလေ " လဲ့ကပြန်ပြောလိုက်သည်။

Jihoon စဉ်းစားရပြီ။
Sohee ကလဲမစား...လဲ့ကလဲ မစားဘူး သူကလဲ မစားဘူးဆိုပါက Kuanlin နှင့် ဟိုကလန်ကလား နှစ်ယောက်တည်းစားရတော့မည်။
နှစ်ယောက်သားတစ်အိမ်ထဲ တူတူနေမှန်းသိသော်လည်း နှစ်ယောက်တည်းတူတူရှိနေချိန်များကို နည်းသင့်သထက်နဲအောင်လုပ်ရမည်။

"နင်တို့ကလဲ တစ်ခါတစ်လေ ဝယ်ကျွေးတာကို စားလိုက်ကြပါ လာသွားမယ် " ဒီတစ်ခါတော့ Jihoon က sohee လက်ကိုဆွဲကာ သွားတော့မည့်ဟန်လုပ်လိုက်သည်။

Kuanlin က Jihoon ကိုင်ထားသော Sohee လက်ကိုငုံ့ကြည့်လိုက်သည်။
သူအပြုံးမပျက်အောင်ထိန်းလိုက်သည်။
" ဒါဆိုလဲ သွားမယ်လေ ... လာ အစ်ကိုရှောင် သွားကြမယ် " Kuanlin  က ရှောင့်လက်ကိုဆွဲကာ သူစားချင်သည့်ဆိုင်ကိုခေါ်သွားတော့သည်။

အခု Jihoon က ငါ့လက်ကိုကိုင်ထားတာလား။
ငါ့လက်ကို ဆွဲပြီးသွားနေတာလား။
အေးပေါ့....ငါ့ကိုကြိုက်နေတာဆိုရင်
ဒီလောက်တော့ သတ္တိရှိရမှာပေါ့....
လဲ့က ဘေးကနေ Sohee ကိုမျက်လုံးမှိတ်ပြ၏။
ပြန်လည်ပြုံးရွှင်လာသော သူ့သူငယ်ချင်း၏ မျက်နှာကို မြင်ရသည့်အတွက် သူပျော်မိသည်။
လဲ့ တွေးလိုက်သည်။
ငါအနောက်ကနေ မြှောက်ထိုးပင့်ကော်လုပ်ပေးဦးမှပဲ။
ဟိုတစ်ယောက်ရှေ့ဆက်တိုးအောင်။

သုံးဖက်မြင်♡3D♡(Panwink)Where stories live. Discover now