part (24)

512 70 16
                                    

"hyung !!! " Kuanlin ကအော်ခေါ်လိုက်သည်။

" Kuanlin !!" Jihoon ကမြင်သွားပြီး ပြန်ခေါ်လိုက်သည်။

Kuanlin က လက်ထဲမှ luggage ကို လွှတ်ချပြီး jihoon ဆီ အပြေးလာ၏။

Jihoon မှာလည်း Kuanlin ဆီသို့ဦးတည်လျက် ပြေးသွား၏။

ထို့နောက် နှစ်ပေါင်းလရှည်ဝေးကွာနေကြသောချစ်သူများသဖွယ် ယုယကြင်နာမှုများစွာဖြင့် ထွေးပွေ့လိုက်ကြသည်။

"သတိရလိုက်တာ Kuanlin ရာ "

"ကျနော်လဲ အရမ်းကိုသတိရတာပါပဲ hyung ရယ် "
တစ်ယောက်ခါးကိုတစ်ယောက် နောက်ဘယ်တော့မှ မလွှတ်ကြေး ဆိုသလို တင်းကျပ်စွာဖက်ထားရင်း ချစ်သူ၏ရင်ငွေ့နွေးနွေးလေးမှာ ခိုလှုံနေမိကြ၏။

တစ်ခဏမျှဖက်ပြီး နှစ်ယောက်သားကိုယ်ချင်းခွာလိုက်ကြသည်။
မျက်ဝန်းအစုံကို အကြင်နာအပြည့်ဖြင့် ရွှန်းရွှန်းဝေဝေကြည့်နေမိကြရင်း Kuanlin က ကိုယ်ကိုကိုင်းလိုက်ကာ Jihoon နှုတ်ခမ်းဆီသို့ဦးတည်လိုက်၏။
Jihoon ကလဲ အလိုက်သိစွာဖြင့် မျက်လုံးမှိတ်ထားမိလိုက်သည်။

" သားရေ... Jihoon ထတော့လေ ဒီနေ့ လုပ်အားပေးသွားရမှာမေ့နေတာလား "

မွေးသမိခင် ကျေးဇူးရှင်က တံခါးလာခေါက်ကာ နိုးလေတော့ Jihoon တစ်ယောက် အုန်းမွှေးလုံး ဝယ်စားကာမှ အုန်းမွှေးလုံးကြီးတုတ်ပေါ်မှ ပြုတ်ကျသွားရသည့်အဖြစ်။

ကတောက်စ်...ကောင်းခန်းရောက်မှကွာ.....

" nae...omma အခုထပြီးပြင်လိုက်မယ် "
ဒီနေ့ Jihoon တို့အဖေ ကုမ္ပဏီ က ကလေးသူငယ်များမွေးစားစောင့်ရှောက်ရေး ကန်ပိန်းရှိ၍ သူပါလိုက်ပြီး ကူပေးရမည်။

အိပ်ရာက မထချင်ပါသော်လည်း
ထလိုက်ရပြီ။
မနိုးထချင်သောအိပ်မက်မှလည်းနိုးထလိုက်ရ
ပြီလေ။

အိပ်ရာကထထချင်းလုပ်လိုက်မိတာက Kuanlin ဆီစာပို့ဖို့။

" Good morning LinLin ကောင်းသောနေ့လေးဖြစ်ပါစေ "

စာလေးပို့ထားလိုက်ပြီး သူသွားဖို့ပြင်ဆင်လိုက်သည်။
Adidas ဘောင်းဘီနှင့် ပွပွယယ ဖြင့် လေဝင်လေထွက်ကောင်းမည့် shirt အဖြူ တစ်ထည်ကိုထုတ်ဝတ်လိုက်သည်။
မှန်ကြည့်ပြီးပြောလိုက်မိတာက..
"အင်း....ဒီလောက်ဆို အဆင်ပြေတယ် "

သုံးဖက်မြင်♡3D♡(Panwink)Where stories live. Discover now