part (4)

662 74 5
                                    


ကိုရီးယားကို စစရောက်လာချင်းတုန်းက သူငယ်ချင်းမရှှိမှာကိုတွေးပြီး စိတ်ပူနေခဲ့သော kuan Lin တစ်ယောက် အခုတော့ ဘယ်သွားသွားဘယ်လာလာ ဘေးနားမှာ စကားပြောဖော်ပြောဖက် သူငယ်ချင်း သုံးယောက်ရှိနေပြီ။
Jihoon , Sohee နဲ့ Lei ပေါ့။

Jihoon နဲ့ kuan Lin ဆိုတာလဲ ဘယ်သွားသွား အတူတူပဲမို့ ခွာရခက်သော ကပ်စေးနှဲဖြစ်နေပြီ။

ညီလေးKLလို့ခေါ်သူကခေါ်...အစ်ကိုကြီးJihoonလို့ခေါ်သူကခေါ်နှင့် တရုတ်နန်းတွင်းကားထဲကလိုလို ကိုရီးယားဂျိုဆောင်ခေတ်ကလိုလို စတိုင်ထုတ်နေကြတော့၏။

Sohee နဲ့ Lei ကိုတော့ နှစ်ယောက်လုံးက ညီမတော်လေးတဲ့...

" Jihoon 。。ဆရာမက နောက်လ အားကစားပြိုင်ပွဲ ကိုဝင်ပြိုင်ချင်တဲ့သူတွေစာရင်းကောက်ပြီး သူ့ကိုလာပေးပါတဲ့ "
အတန်းထဲက ကောင်မလေးတစ်ယောက်က လာပြောသည်။

" ေဩာ်..အေးအေး "

" ကဲကဲ...အားလုံးပဲ တစ်ချက်လောက်နားထောင်ပေးကြပါ။
နောက်လမှာ အားကစားပြိုင်ပွဲရှိတာ အားလုံးသိကြတယ်ဟုတ် ..
ကိုယ်ဝင်ပြိုင်ချင်တဲ့ အားကစားမှာ ဝင်ပြိုင်လို့ရပါတယ် ...စာရင်းလာပေးကြပါနော်..အခုလောလောဆယ်တော့ တစ်ယောက်ရထားတယ်...Sohee က ကြက်တောင်ပြိုင်ပါမယ်တဲ့...အဲ့တော့ တခြားဟာတွေပြိုင်ချင်ရင် အခုချက်ချင်း စာရင်း လာပေးပေးပါ ..ကျေးဇူးပါ "
Jihoon က အတန်းရှေ့မှာ ထွက်ပြောပြီး သူ့နေရာသူပြန်ထိုင်လိုက်သည်။

အခုတော့ သူ့နေရာက KL ရဲ့ အရှေ့ခုံဖြစ်သွားပြီ။
ဘယ်သူကမှ မူလထိုင်ခုံပိုင်ရှင်ကိုဖယ်ခိုင်းချင်းမဟုတ်။
Jihoon နဲ့ KL နှစ်ယောက်သား ဖုန်းထဲက ဂိမ်းအတူ Join ဆော့နေရင်း စကားတွေ လှမ်းပြောနေကြရာက ကြားက လူ နားမခံသာ၍ သူ့ဘာသာ သူ အလိုက်တသိ ဖယ်ပေးလိုက်ချင်းသာ။

"ဟဲ့... Sohee .... နင်ဘယ်တုန်းကစာရင်းပေးလိုက်တာလဲ..ငါ့တောင်မပြောဘူး " Lei က Sohee နားကပ်ကာပြောလိုက်သည်။

" ငါပြောနေတာ ကြာပြီလေ ..ဝင်ပြိုင်မယ်လို့..သူ့ကိုသာစာရင်းမပေးရသေးတာ..ငါလဲ တစ်ခါတည်းပြောဖူးတာပါဟယ်...ဒါပေမယ့် သူဒါကို မှတ်မိတယ်ဟ...ပျော်လိုက်တာ "
Sohee ကတိုးတိုးလေးပြန်ပြောရင်း လက်သီးလေးဆုပ်ကာ နှုတ်ခမ်းနားမှာတေ့လျက် ကြိတ်ပျော်နေ၏။

သုံးဖက်မြင်♡3D♡(Panwink)Where stories live. Discover now