♡HeartBEAT♡8 ~ကိုကို~

1.6K 221 31
                                    


Oh Sehun ဆိုသည့် ကောင်လေးရှာနေခဲ့သော ... မျှော်လင့်နေခဲ့သော ...

Kim Jongin ဆိုသည့် ... ကောင်လေးသည်ကတော့ ...

ဆိုးလ်မြို့ကနေမှ ... နှစ်နာရီနီးပါး ... ကားစီးမှရောက်သော ... နယ်မြို့လေးတစ်ခုမှာပေါ့ ...

Jongin ဒီရောက်နေသည်ကို ... ဘယ်သူမှ သိမှာမဟုတ် ...

ဒီလို တိတ်ဆိတ်တဲ့နေရာမျိုးတွေကို ... Jongin သဘောကျသည် ...

ဒီကိုရောက်တဲ့ အတွက် ... စိတ်ပျော်ရွှင်လာသလိုကို ... ခံစားရမိတယ်လေ ...

မျက်လုံးမှိတ်ပြီး ... Jongin လေကိုရှူသွင်းနေလိုက်တယ် ...

အပြုံးအရယ်မရှိဘူးလို့ ... ထင်ရတဲ့ ... Jongin သည်ကတော့ ... နှုတ်ခမ်းလေး ... ကွေးညွတ်ရုံလောက်ပြုံးနေခဲ့တယ်လေ ...

Jongin ခုရောက်နေတာက ... ဒီမြို့ငယ်လေးထဲက ... အလယ်တန်းကျောင်းလေးရဲ့ ... ကစားကွင်းလေးမှာပေါ့ ...

မျက်စိရှေ့ ... မလှမ်းမကန်းမှာ ... နှစ်ထပ်ကျောင်းဆောင်ကြီးရှိနေတယ်လေ ...

ကျောင်းပိတ်ရက်မို့ထင်ပါတယ် ... ကလေးတွေလည်းမရှိ ...

Jongin ... တယောက်ထဲသာ ... ငေးကြည့်နေခဲ့မိတယ် ...

Sehun တွေ့ချင်ပါတယ်ဆိုတဲ့ ... ရုပ်တည်နေတတ်တဲ့ ... Jongin က ဒီမှာပြုံးရွှင်နေခဲ့တယ်လေ ...

Jongin ... တစ်ယောက်စီး ဒန်းလေးပေါ်ထိုင်ရင်း ... မြေကြီးကို ... ဖိနပ်ထိပ်လေးနဲ့ ... ထိုးဆွနေတယ်လေ ...

တိတ်ဆိတ်လျက်ရှိတုန်း ...

Jongin ... ရဲ့ဖုန်းလေး အသံမြည်လာခဲ့တယ် ...

Jongin လျစ်လျူရှုရင်းသာ နေနေလိုက်တယ် ...

တော်တော်ကြာသည်အထိ ... ဇွဲကောင်းလွန်းသူကြောင့် ...

Baekhyun ဖုန်းဆက်ခြင်းသာ ...

အင်း ... ပျောက်လို့ရှာပြန်ပြီလား မသိ ... ကျောင်းမတက်လို့ ... ဆူဦးမလားပဲ ...

သူ့ကိုမပြောခဲ့လို့ ... baek တော့ စိတ်ဆိုးနေလောက်သည်လေ ...

Baekhyun နဲ့ဖုန်းပြောဖြစ်တော့ ...

စိတ်ပူလွန်းနေသည့် ... baekhyun အသံကြောင့် ... Jongin ကိုယ်ဟာကိုယ်သာ ... အပြစ်တင်မိသည် ...

HeartBEAT {SeKai}Donde viven las historias. Descúbrelo ahora