♡HeartBEAT♡21 ~အမှား~

1.2K 182 22
                                    


ကျတော်နာမည် Oh Sehun ... Korea ရဲ့ စီးပွားရေးမှာ Top 10 အထိဝင်တဲ့ ... Oh gp ရဲ့ တစ်ဦးတည်းသော သားအဖြစ် မွေးလာခဲ့တယ်လေ ...

အများအားကျခံလူတစ်ယောက်ဖြစ်ပင်မယ့် ... ကျတော်မှာ လူအများမသိတဲ့ ... ရောဂါတစ်ခုပါလာခဲ့တယ်လေ ...

ဟက် ... နှလုံးရောဂါလေ ...

လူမှန်းသိတတ်စအရွယ်ကတည်းက ... ပိုးမွေးသလိုမွေးလာခံရသော ကျတော် ...

ဒါပင်မယ့် ကျတော်ကို လူနာတစ်ယောက် ... ရောဂါသည်တစ်ယောက်လို ... ဆက်ဆံမှာ ကျတော်ကြောက်တယ် ...

ဒါကြောင့်အများနဲ့တန်းတူ ထူးစွာနေခဲ့တယ် ...

ပျော်ပျော်နေတယ်ဘဝကြီးကို ... ပြသာနာတွေဖြစ်လည်း လိုက်ရှင်းမယ့် သူတွေကလည်းနောက်မှာ အဆင်သင့်ပဲဆိုတော့ ... ကျတော်ဆိုးမှန်းမသိ ဆိုးလာခဲ့တယ် ...

တစ်နေ့မှာ ... omma တားနေရက်နဲ့ ... ကားပြိုင်မောင်းကွင်းမှာ ... ကားသွားမောင်းရင်း ... ကျတော် အက်စီးဒင့်ဖြစ်ပွားခဲ့တယ် ... ဆေးရုံကိုသွေးချင်းချင်းရဲပြီးရောက်သွားခဲ့တယ်လေ ... ရောဂါအခံကလည်းရှိတော့ ... ကျတော်အခြေအနေက မျှော်လင့်ချက်က ဂိတ်ဆုံးပေါ့ ...

ကျတော်ကံကောင်းခဲ့သည်လား မသိ ... ကျတော် အသက်ဘေးက လွှတ်လာခဲ့တယ်လေ ...

ဒီလို ထိတ်လန့်စရာဖြစ်ပွားသွားသည့်တိုင် ... ကျတော်သည်က အေးဆေး ... အရင်အတိုင်း ဆိုးမြဲ ရှုပ်မြဲ ...

ဒါပင်မယ့် ... ဒီလို ရှုပ်ပွေပင်မယ့် ... ကျတော်နှလုံးသားကို လှုပ်ခါနိုင်သူမရှိ ...

တနေ့တော့ ... ကျတော်ထက်ပင် မာနကြီး ... အချေကောင်လေးတစ်ယောက်ကို ... တတိတိနဲ့ ကျတော်ရင်ခုန်လာခဲ့မိတယ် ...

သူ့နာမည်က Kim Jongin တဲ့ ... သူက အရမ်းလျှို့ဝှက်လွန်းသူ ... ခံစားချက်တွေကို ကွယ်ဝှက်တာ တော်လွန်းတယ့် ကောင်လေး ...

အဲ့လိုကောင်လေးကို ကျတော်ကြိုက်မိခဲ့တယ် ... ကျတော်တို့တွဲခဲ့ကြတယ် ...

သို့သော် ... သူ့ဘက်က ကျတော်ကို ... မချစ်မှန်း ... ကျတော်သိတယ် ... သိသိရက်နဲ့ကို ဇွတ်တိုးဝင်မိသော Oh Sehun ပင် ...

HeartBEAT {SeKai}Donde viven las historias. Descúbrelo ahora