♡HeartBEAT♡20 ~အစွဲအလမ်းကြီးသူ~

1K 162 0
                                    


Jongin အတွက်အရာရာ ... ဆုံးရှုံးသွားသလို ... လောကကြီးကိုစိတ်ကုန်မှုများဖြစ်သွားကာ ... Jongin အရင်လိုပြန်ဖြစ်ခဲ့သည် ...

တိတ်ဆိတ်စွာသာ Jonginနေခဲ့တော့သည် ...

Jongin ရဲ့ဖြစ်အင်ကို ... စိတ်မကောင်းဖြစ်နေသူ ... Baekhyun က တစ်နေ့မှာ သူ့ကျောင်းကိုခေါ်ရင်း ... သူနဲ့အတူတူကျောင်းပြန်တက်ရန်ပြောခဲ့တယ်လေ ...

Jongin ဘာမှလုပ်ချင်စိတ်မရှိတော့ပင်မယ့် ... ကိုယ့်အနားရှိသူတွေက ... ကိုယ့်ကိုပူပန်နေကြတာကို အားနာမိသောကြောင့် ... Jongin အရင်လိုဖြစ်အောင် ကြိုးစား၍ပြန်နေဖြစ်ခဲ့သည် ...

Jongin အရင်လို လူတွေနဲ့လိုက်လျောအောင်နေဖို့ရန်မှာ ... Oh Sehun ဟူသော ... နာမည်ကြီး Play Boy ကောင်လေးတစ်ယောက်က လည်းပါဝင်ခဲ့သည် ...

Jonginရဲ့ မထုံတတေးပုံစံကို Oh Sehun က သဘာကျသည်တဲ့ ... အစကနောက်နေသည်ဟုသာ ထင်မိသော်လည်း ...

Oh Sehun ရဲ့ အပြုအမူကိုတော့ဖြင့် Jongin မကြိုက် ...

ရည်းစားပွေရှုပ်လွန်းတာလည်း နာမည်ကြီးပင် ...

Oh Sehun ရဲ့ ပုံစံကိုဖြင့် Jongin ... ကိုကိုရဲ့ပုံစံနှင့်ပင် ... တိုင်းကြည့်မိသောအခါ ... အမဲတစ်ခြမ်း ... အဖြူတစ်ခြမ်းလိုသာ ...

Oh Sehun ကို Jongin အမြင်ကပ်ပါသည် ...

သို့သော် ... တစ်နေ့ ... တစ်နေ့မှာ ... Jongin ... Oh Sehun အနားအနီးရှိရန် ... အကြောင်းဖန်လာခဲ့သည်လေ ...

Jongin အတွေးလွန်နေချိန် ... Baekhyunရဲ့ အသံ ...

"Jongin ..."

"အော် ... Baek ..."

"ကျောင်းမလာပဲ ... ဒီကိုရောက်နေတယ်ပေါ့လေ ..."

Baekhyun စကားကို Jongin ပြုံးရုံသာပြုံးပြလိုက်သည် ...

Jongin ထင်မိတာတော့ ... Baekhyun နဲ့သူ ဟိုတစ်ခါ ... Oh Sehun နဲ့ ပတ်သက်၍ စကားအချေအတင်ဖြစ်ပြီးကတည်းက ... အနည်းငယ်စိမ်းသက်သွားခဲ့သလို ... မတွေ့ဖြစ်ခဲ့ကြ ...

ဟိုတစ်နေ့က ... ကိုကို အတွက် အမှတ်တရလုပ်တယ့်ပွဲနေ့မှပြန်တွေ့ဖြစ်ခဲ့ကြတာ ...

သို့သော် ... အရင်လိုတော့ အရမ်းမတွဲဖြစ်ကြ ...

Jongin သိသည် ... Baekhyun က ကိုယ့်အားစေတနာနဲ့ပြောနေတာကို ... ဒါပင်မယ့် ... Jongin မှ လက်မခံနိုင်သေးတာ ...

HeartBEAT {SeKai}Where stories live. Discover now