HEART Cafe ...
ထို HEART ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ... သေးငယ်သော်လည်း ... အခုချိန်တွင်တော့ ... စားသုံးသူများနဲ့ ... ပြည့်နေလေသည် ...
ထိုအချိန်တွင် ... ဆိုင်ရဲ့အထိုင်ဖုန်းလေးမြည်လာကာ ...ကောင်တာတွင်ထိုင်နေသူတစ်ယောက်က ... ဖုန်းကိုင်လိုက်သော် ...
တစ်ဖက်မှလူတစ်ယောက်အား ... ခေါ်ပေးရန်တောင်းဆိုသောကြောင့် ... လူတစ်ယောက်အားခေါ်လိုက်သောအခါ ..
ဖုန်းကိုင်ထားသော ... ကောင်လေးပုံစံမှာ ... ရှပ်လက်ရှည်အဖြူကို ခေါက်တင်ထားကာ ... ဂျင်းဘောင်းဘီအနက်နှင့် ... တွဲဖက်ဝတ်ဆင်ထားကာ ... ထိုအပေါ်မှ ... ခါးစီးအနက်ရောင်အကာလေးဖြင့် ထပ်မံ၍အပေါ်ကာထပ်ကာချည်နှောင်ထားသေးသည် ...
ထိုဆိုင်လေးရဲ့ ... ဝန်ထမ်းဝတ်စုံပုံစံဖြစ်ဟန်တူသည် ...
ဆံပင်အညိုရောင်ဖျော့လေးကိုသေချာစွာဖီးသင်ထားလေသည် ... တခြားဆိုင်ရှိ သူများထက်တော့ ... ကောင်လေးပုံစံသည် ... ထူးခြားနေလေသည် ...
ဖုန်းစကိုင်ကိုင်ချင်းတွင် ... ပြုံးရွှင်စွာနဲ့ ... တစ်ဖက်အားပြန်ဖြေနေသောကောင်လေး၏ ... ပုံစံလေးသည် ... တခဏအတွင်း ... အပြုံးများပျောက်ကွယ်သွားကာ ... မျက်ဝန်းမှအရည်ကြည်များဝေ့ဝဲသွားလေသည် ...
ထိုနောက်တွင်တော့ ... နားတွင်ကပ်ထားသော ... ဖုန်းလေးသည် ... လွှတ်ကျသွားပြီးနောက် ...
အပြေးတစ်ပိုင်းဖြင့် ... Cafe ဆိုင်လေးထဲကနေ ... ပြေးထွက်သွားလေသည် ...
နောက်မှ ... အော်ခေါ်သံများအား ... လျစ်လျူရှု၍ ...
~•~•~•~•~•~•
BEAT Hospital ...
ထို BEAT Hospital ... ဆိုင်းဘုတ်တင်ထားသော ... အဆောက်အအုံဝင်ပေါက်ရှေ့သို့ ... လျှင်မြန်စွာရောက်လာသော ... အရေးပေါ် ဆေးရုံကားတစ်စီး ...
VOCÊ ESTÁ LENDO
HeartBEAT {SeKai}
Fanficသူ့ရဲ့~~~ နှလုံးခုန်သံလေး~~~ Kim Jongin ~ Oh Sehun #SeKai #KaiHun 14.6.2018 ~ 1.5.2019
