Chapter 1

3.6K 305 15
                                    

ညက တိတ်​ဆိတ်​​နေသည်​! အခန်း​လေးထဲ အလင်း​ရောင်​ မဝင်​နိုင်​​အောင်​ ခန်းဆီးလိုက်​ကာ​တွေကို Sehun ဆွဲပိတ်​လိုက်​တယ်​! တံခါးနားသွားပြီး ​လော့ချထားတာ ​သေချာ​အောင်​ ပြန်​စစ်​​ဆေးလိုက်​၏! ​သေချာပြီဆို​တော့ မှ အခန်းအလယ်​ကို ပြန်​​လျှောက်​လာခဲ့တယ်​ ! အခန်းအလယ်​​ခေါင်​မှာ Sehun ကြိုတင်​ပြင်​ဆင်​ထားသလို ရှင်းလင်းလျှက်​ ! ကုတင်​​တွေ စားပွဲခုံ​တွေ အားလုံးကို နံရံဆီတိုးကပ်​ထားတယ်​! Sehun တစ်ယောက် နေရာလွတ်​ အခန်းလယ်​က ကြမ်းပြင်​​ပေါ်မှာ ​မြေဖြူနဲ့ စတင်​​ရေးဆွဲလိုက်​သည်!  ဖ​ယောင်းတိုင်​မီးပြပြ ထွန်းထားတဲ့ အလင်း​ရောင်​​အောက်​မှာ ​ဘေးက ချထားတဲ့ အနက်​​ရောင်​ သားရေဖုံးစာအုပ်​ထူထူထဲက ပုံစံအတိုင်းတူ​အောင်​ကြမ်းပြင်​မှာ လိုက်​ဆွဲ​နေတယ်​! စက်​ဝိုင်း ခပ်​ကြီးကြီးတစ်​ခု ​နောက်​ အဲ့ဒီ့ထဲမှာ ​ခြောက်​​ထောင့်​ကြယ်​ပုံ ​တစ်ခု ၊ နောက်ပြီး ထူးဆန်းတဲ့ အမှတ်​အသား​တွေ ဘာသာစကားတစ်​မျိုးရဲ့ စာသား​တွေ ထပ်​​ဖြည့်​ပြန်​တယ်​!

"အင်း ပြီးပြီ ဒါပဲ! ​နောက်​တစ်​ဆင့်​က..."

Sehun စာအုပ်​ထဲက စာ​ကြောင်းအနည်းငယ်​ကို ဆက်​ဖတ်​လိုက်​ပြီး စာအုပ်​ကိုချထားလိုက်ကာ ဟင်းချက်​ဓား​လေးကို ​ကောက်​ကိုင်​လိုက်​တယ်​! အဲ့ဒီ​နောက်​ အသက်​ကိုပြင်းပြင်းရှုလိုက်​ရင်း လက်​ဖဝါးပြင်​ကို အနည်းငယ်​လှီးချလိုက်​သည်​!

"အ~"

လက်​ဖဝါးထဲက ​သွေးစက်​​တွေက ​မြေဖြူနဲ့ ဆွဲထားတဲ့ စက်​ဝိုင်း​ပေါ်​တောက်​ခနဲကျသွားတယ်​! တချိန်​ထဲမှာ Sehun နှုတ်​ဖျားက အလွတ်​ကျက်​ထားတဲ့ ဂါထာ ဆန်​ဆန်​တစ်​ပုဒ်​ကို ထူးဆန်းတဲ့ ဘာသာစကားနဲ့ ​ရေရွတ်​လိုက်​သည်​!

"@#%#%#&@&$•±••°&#&$'"

ရေရွတ်​​နေတုန်းမှာ Sehun မျက်​စိကို တင်းတင်းမှိတ်​လို့ထားတယ်​! ဂါထာအဆုံးမှာ ​စိမ့်​ခနဲ​အေးတဲ့ ​လေတစ်​ချို့ဖြတ်​တိုက်​သွားသလိုခံစားလိုက်​ရသည်​!

ဘာလည်း ငါ တံခါး​ပေါက်​တစ်​ခု ပိတ်​ဖို့​မေ့​နေတာလား?

Love BirdWhere stories live. Discover now