Chapter 9

1.3K 176 8
                                    

ကျွန်​​တော်​ ဦးတည်​ရာမရှိ​ပြေးလာခဲ့တယ်.....အဖျားရှိန်​​ကြောင့်​ တကိုယ်​လုံးနှုံးချိပြီး ​ခြေ​ထောက်​​တွေ မသယ်​ချင်​​ပေမယ့်​ ကျွန်​​တော်​ဆက်​​ပြေး​နေတုန်းပဲ......​စော​စောက လဲကျတဲ့ ဒူး​ခေါင်းက ဒဏ်​ရာက တစစ်​စစ်​နာကျင်​​နေတာထက်​ ရင်​ဘတ်​ထဲက ပိုနာသည်​.....Sehunnie က ကျွန်​​တော့်​ကိုချစ်​နေတယ်​တဲ့လား? ကျွန်​​တော်​ မိုက်​ရူးရဲ အ​တွေးနဲ့ ထင်​မြင်​​နေခဲ့တာ​....အခု​တော့.....တကယ်​တမ်းက....!! ဝေ့တက်​လာတဲ့ မျက်​ရည်​​တွေ​ကြောင့်​ အမြင်​အာရုံ​တွေ​တောင်​​ဝေးဝါးလာပြီ.....တဒင်္ဂ စိတ်​ယိုင်​တာ ဖြစ်​ပုံရတဲ့ အနမ်းတစ်​ခုကို ကျွန်​​တော်​ ရူးသွပ်​ခဲ့တာ​လေ.......

"အ"

မခိုင်​ချင်​​တော့တဲ့ ​ခြေ​ထောက်​က ဆန္ဒပြပုံပါပဲ ! ​ခွေလဲကျသွား​ပေမယ့်​ .... ကျွန်​​တော်​ ​ရယ်​​မောမိသည်​!

"အဟက်​...ဟက်​"

ပါး​ပေါ်လိမ့်​ဆင်းလာတဲ့ မျက်​ရည်​​တွေကို မသုတ်​မိဘူး! ကျွန်​​တော်​ မျက်​နှာ​ပေါ်မှာ နာကျင်​​ခြောက်​ကပ်​တဲ့အပြုံးတစ်​ခုရှိ​နေတယ်​! ​ဘေးက ဖြတ်​သွားတဲ့ သူ​တွေရဲ့ စူးစမ်းကြည့်​ကို ဂရုမစိုက်​မိဘူး! တ​လောကလုံးက လူ​တွေ​လှောင်​​ပြောင်​ချင်​လည်း ​လှောင်​​ပြောင်​ကြပါ​စေ​တော့ တကယ်​က ကျွန်​​တော်​ ကိုယ်​တိုင်​က ရူးသွပ်​မိုက်​မဲတာ​လေ!

"arrrrrrrrrrrrrrrrrrrrr"

Baekhyun နာကျင်​လွန်းတဲ့ ရင်​ဘတ်​ကို တင်းတင်းဆုတ်​ရင်း ​အော်​ဟစ်​ပစ်​လိုက်​မိသည်​!

😈 Love Bird 😈

တံခါးပိတ်​သံနဲ့ အတူ ကျွန်​​တော်​ ကြမ်းပြင်​​ပေါ်ထိုင်​ကျသွားတယ်​! သန်​မာကြံ့ခိုင်​ပါတယ်​ဆိုတဲ့ ခံစားချက်​ဆိုတာ​တွေကို အ​လေးမထားတတ်​တဲ့ ကျွန်​​တော်​ Luhan.....အခု မတ်​မတ်​​တောင်​ မရပ်​နိုင်​​တော့ဘူးလား? ဒါကို ကြည့်​ခြင်းအားဖြင့်​ ကျွန်​​တော်​ လူ့ပြည်​နဲ့ မတည့်​ဘူးဆိုတာ​သေချာတယ်​​လေ! အချစ်​တဲ့ ​ပေးဆပ်​တာတဲ့ အရူးအလုပ်​​တွေ ..... ဒါ​တွေကျွန်​​တော်​နဲ့ အံမဝင်​ပါဘူး.....ဒါ​တောင်​မှ.......ဒါတောင်မှ....

Love BirdHikayelerin yaşadığı yer. Şimdi keşfedin