အထပ်မြင့်တိုက်တစ်ခုရဲ့ ခေါင်းမိုးထပ်တနေရာ......
ဒီနေရာကနေ ငေးကြည့်ရင်...လူသားတွေသွားလာလှုပ်ရှားနေတာကို အားလုံးသေချာမြင်ရတယ်!လူသားတွေ......
တကယ်ကို တုံးတဲ့ ဘာမဟုတ်တဲ့ အချစ်ဆိုတဲ့ အရာကို ဖက်တွယ်ထားပြီး တခါတခါ မိုက်ရူးရဲ ဆုံးဖြတ်တတ်တဲ့ လူသားတွေ......
ကျွန်တော် အရင်ထဲက အဲ့ဒီ့လူသားတွေကို မုန်းတီးခဲ့တယ်.......ကျွန်တော့်အမြင်မှာတော့ သူတို့က သနားစဖွယ် သတ္တဝါတွေပဲလေ.......
အခု......
အခုလည်း ကျွန်တော့် မျက်စိရှေ့မှာ သနားစဖွယ်သတ္တဝါ တစ်ကောင်ရှိရဲ့.......
သူ Oh Sehun......
သူ့နဲ့ တအိမ်ထဲ အတူနေတဲ့ သူ့ အမေ အသစ်ကပါတဲ့ အကို ကို ချစ်နေတဲ့ အချစ်ရူးလေ......
အဟက်.....သနားလည်း သနားပါရဲ့ ဖွင့်လည်းမပြောရဲ .... သူများနောက်ပါသွားမှာလည်းကြောက်.....ဒါနဲ့ ကျွန်တော် ကို ဆင့်ခေါ်အကူအညီတောင်းတယ်လေ....ကျွန်တော်လည်း ကူညီပါတယ် ....ဒါပေမယ့်သူက တုံးလွန်းတော့ ရှေ့မရောက်ဖူး.....အခုတလောတော့တိုးတက်လာရဲ့ ....
စောစောကတင် သူ့ရဲ့ ကြိုးစားပန်းစား တိတ်တခိုး အနမ်းတစ်ခုကို ကျွန်တော် မျက်မြင်တွေ့ခဲ့တယ်လေ.....ကျွန်တော် ဝမ်းသာရမှာပေါ့ မကြာခင် ကျွန်တော်တို့စာချုပ်ပြီးဆုံးပြီး ကျွန်တော်လည်း ကိုယ့်နေရာကိုယ်ပြန်...မဟုတ်ဖူးလား?ဒါပေမယ့်.......
ဘာလို့ ဒီရင်ဘတ်ထဲက ယားကျိကျိဝေဒနာကို ခံစားနေရတာလည်း? တခါတခါ ကျွန်တော်မုန်းတဲ့ နားမလည်တဲ့ လူတွေခံစားသလို လိုက်ခံစားမိနေတာဟာ လူလောက မှာ နေတာ ကြာလာလို့လား? တခါတခါ လူတွေရဲ့ ခံစားချက်ကို နားလည်သလိုဖြစ်လာတာ လူ့လောကရဲ့ လှည့်ဖျားမှုတစ်ခုဖြစ်မယ်!
Luhan ထရပ်လိုက်သည်! အမြင့်နေရာမို့ လေက ခပ်ကြမ်းကြမ်းတိုက်ခတ်နေ၏! Luhan ရဲ့ အနက်ရောင် ဝတ်ရုံက လေထဲမှာ တဖြတ်ဖြတ်လွှင့်လို့နေတယ်! Luhan တောင်ပံတစ်စုံကို ဖြန့်ထုတ် ပျံသန်းရင်း ရေရွတ်လိုက်တယ်!
