Chapter 6

1.1K 182 19
                                    

အချစ်​.......

လောကမှာ အချစ်​ အမျိုးမျိုးရှိတယ်​!

ရယူလိုတဲ့ အချစ်​ ......

စွန့်​လွှတ်​ပြီးချစ်​တဲ့ အချစ်​......

မဖြစ်​သင့်​တဲ့အချစ်​.......

အခုကျွန်​​တော့်​ရဲ့ အချစ်​က​ရော.....?

ကျွန်​​တော်​ စဉ်းစားကြည့်​တယ်​ ......

ရယူလိုတာ​တွေ....စွန့်​လွှတ်​တာ​တွေ...ထက်​....ဖြစ်​သင့်​ရဲ့လားလို့​လေ! ကျွန်​​တော်​ ချစ်​မိ​နေတာ ကျွန်​​တော့်​ထက်​ တစ်​နှစ်​ငယ်​တဲ့ ညီ​လေးဖြစ်​​နေတယ်​ဗျာ! တခါတခါ တကိုယ်​​ကောင်းဆန်​ပြီး ကံကြမ္မာကိုလည်း အပြစ်​တင်မိပါရဲ့! ဘာလို့များ ဒီလိုရက်​စက်​ရသလည်းလို့​ပေါ့! ​ကမ္ဘာ​ပေါ်မှာ လူသားသန်း​ပေါင်းများစွာ ရှိတဲ့ကြားက သူနဲ့ မှ ​တွေ့ဆုံပြီး သူ့ကိုမှ ဘာလို့ကျွန်​​တော်​ ချစ်​မိသွားရပါသလည်း? အဆိုးဆုံးက ဘာလို့ သူက ကျွန်​​တော့်​ညီ​လေးအဖြစ်​ ကျွန်​​တော့်​ဘဝထဲကို ဝင်​လာရသလည်း? မသိမသာ​လေး တစိမ်း​တွေအဖြစ်​ လမ်းမှာ ဖြတ်​​လျှောက်​သွားကြရင်း ကျွန်​​တော်​တို့နှလုံးသား​တွေ ခလုပ်​တိုက်​မိခဲ့ကြရင်​​တောင်​ ကျွန်​​တော်​ ​ခံသာပါ​သေးတယ်​! သူ​ယောကျာ်း​လေးတစ်​​ယောက်​ ဖြစ်​​နေတာ​တောင်​မှ​ပေါ့!အခု​တော့.......

"သား! Baekhyunnie ဒါ သားရဲ့ ညီ​လေး​နော်​ ! သားသူ့ကို ​စောင့်​​ရှောက်​ရမယ်​​နော်​"

မေ​မေ့ စကားကို ပြန်​ကြားမိတိုင်း ကျွန်​​တော်​ အသက်​ရှုမဝဖြစ်​ဖြစ်​လာသည်​!

က​လေးက မှား​နေအုံး​တော့ ကျွန်​​တော်​ပါလိုက်​မှားလို့ မဖြစ်​သင့်​ဘူး မဟုတ်​လား?

ယောင်​ယမ်းပြီး စမ်းမိတဲ့ ကျွန်​​တော့်​နှုတ်​ခမ်း​တွေ ပူ​နွေးဆဲ ~

ကျွန်​​တော်​ ဘယ်​ဘက်​ရင်​အုံက စ​တေးခံရ​တော့မှာကို သိသည့်​အလား တစစ်​စစ်​ကိုက်​လို့လာသည်​!

😈 Love Bird 😈

"Luhan!!!!!!!"

မတိုးမကျယ်​ ခပ်​ကျိတ်​ကျိတ်​​အော်​ရင်း Sehun အခန်းထဲမှာ Luhan ကို ရှာ​နေသည်​!

Love BirdWhere stories live. Discover now