"ငါဆုံးဖြတ်လိုက်ပြီ သိလား Luhan! ငါလေ....ငါ...ဟို..."
*ဂျွတ် ဂျွတ် ဂျွတ်*
"hyungကို .... hyungကို......"
*ဂျွတ် ဂျွတ် ဂျွတ်*
"*Tsk* oi~ ငါပြောနေတာကို နားထောင်နေရဲ့လား!!!!!!!!"
"အင်.....?"
Sehun လှည့်ကြည့်လိုက်တော့ Luhan က Sehun အိပ်ယာပေါ်မှာ အကျအနထိုင်ရင်း TV ထိုင်ကြည့်နေသည်! လက်ထဲမှာလည်း ကွတ်ကီးပုံးကို ပိုက်ထားပြီး တဂျွတ်ဂျွတ် အဆက်မပြတ်ဝါးစားနေတယ်!
"yaaaaaaaa Luhan ဒါ....ဒါငါ hyung အတွက်ဝယ်ထားတဲ့ ကွက်ကီးတွေ!!!!! hyung ကြိုက်တယ်ဆိုလို သေချာဝယ်ထားတာ!!! မင်းက ဘယ်ကနေရှာတွေ့ပြီးစားနေတာလည်း!!!!!!"
Sehun အော်ဟစ်ပြီး Luhan လက်ထဲက ကွက်ကီးပုံးကို ဆွဲလုလိုက်တယ်!
"ဟမ်...,ပေးစမ်း ဟိတ်ကောင် ငါဒီမှာ ကြည့်ရတာ အရှိန်ပျက်တယ်"
Luhan ကTV က လာနေတဲ့ dramaဇာတ်လမ်းဆီက အကြည့်မလွှဲပဲ Sehun လုယူသွားတဲ့ ကွတ်ကီးပုံးကို လှမ်းဆွဲနေသည်!
"ဘာအရှိန်ပျက်တာလည်း!!!!! Arrrrrrrr အိပ်ယာပေါ်မှာလည်း ကွတ်ကီးအပိုင်းအစတွေ!!!! oi Luhan ဖယ် .....ဖယ်စမ်း!!!!"
Sehun Luhan ကို အတင်းဆွဲချလည်း Luhan က မထပေ! TV ကိုသာ စူးစိုက်ကြည့်နေသည်! TV ထဲမှာ မင်းသားနဲ့ မင်းသမီးက ကွဲကွာသွားခန်း........ငိုကြွေးရင်း နှုတ်ဆက်ကာ မင်းသမီးက ထွက်ခွာသွားသည်! Luhan မျက်လုံးတွေ ပိုဝိုင်းလာပြီး TV ကို ပေါက်ထွက်မတတ်ကြည့်နေတယ်! Sehun အော်ဟစ်ပြောဆိုနေလည်း Luhan ဆီက တုန့်ပြန်မှု မရတဲ့ နောက် Luhan ဘေးကုတင်ပေါ် ထိုင်ချလိုက်ပြီး TV ကို လိုက်ငေးနေမိသည်!
Drama ကား နောက်ဆုံး ဇာတ်သိမ်းသွားပေမယ့် မင်းသားနှင့်မင်းသမီးက တွေ့ဆုံခွင့်မရ ပို၍ ဝေးသွားသည်သာ! အပြီးသတ်စာတမ်းထိုးချိန်တွင် နဘေးက Luhan က ငြိမ်သက်လို့နေတယ်! Sehun အသာစောင်းငဲ့ ကြည့်တော့ Luhan က အတွေးကမ္ဘာထဲ နစ်မျောနေသလိုလို.....
