"ကလေးငယ်ရေ ထတော့လေ ကျောင်းသွားရတော့မယ်"
ဒါမနက်တိုင်းကြားနေရတဲ့အသံလေးရယ်ပါ Park Chanyeol တယောက်ကုတင်ပေါ်မှာအိပ်မောကျနေတဲ့ သူ့ကလေးငယ် Kim Yoon Young လေးကိုကျောင်းသွားဖို့နိုးနေခြင်းပင်....
"အင်း Channie ခဏ ၅မိနစ်ဘဲ"
ကျတော့ကိုမျက်လုံးမဖွင့်ဘဲလက်ကို၅ချောင်းလုံးထောင်ပြကာ၅မိနစ်ပြောသောကလေးငယ်က သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်
"အင်း ဒါဆို ကိုယ်ရေမိုးချိုးပီးရင် ပြန်လာနှိုးမယ်နော် ကလေးငယ်"
"အင်း အင်း"
ကျတော်ပြောတာကိုကြားသလိုလိုနဲ့ အင်း အင်း လုပ်နေသောကလေးငယ်ကသိပ်ကိုချစ်ဖို့ကောင်းလွန်းသည် ဒါကြောင့်ကျတော်လဲကုတင်ထက်ကစောင်ပုံထဲတွင်အိပ်နေသော ကလေးငယ်ရဲ့ပါးလေးကိုအနမ်းတပွင့်ပေးကာ ရေချိုးခန်းထဲဝင်လာလိုက်သည်
ကျတော်နာမည်က Park Chanyeol ပါ CY Com က CEO ပေါ့ ကျတော့အသက်က 30 နှစ်ပါ ကျတော့ကလေးငယ်ကတော့ ကျတော့ထက် 10 နှစ်ကျော်ငယ်တယ် ကလေး ငယ်ရဲ့အသက်က အခုမှ 19 နှစ် အထက်တန်းနောက်ဆုံးနှစ်တက်နေတာပေါ့ ကျတော်တို့ကိုမိဘတွေကသဘောတူပီးလက်ထပ်ပေးထားရုံသာမက ကျတော်နဲ့ကလေးငယ်ကလဲတယောက်ကိုတယောက်သိပ်ချစ်ကြသည်လေ ဒါကြောင့်ကလေးငယ် 18 နှစ်ပြည့်တဲ့နေ့မှာ ကျတော်တို့၂ယောက်လက်ထပ်လိုက်ကြတယ် ကလေးငယ်ကသိပ်ကိုကလေးဆန်တာ အင်းကျတော့ကလေးငယ်ကလေးဆန်ပုံတွေပြောရမယ်ဆိုရင်ဖြင့် ကျတော်ရေချိုးလို့ပီးတော့မယ်မထင်ဘူး😂 ဒါကြောင့်ဆက်လက်ပီးသာဖတ်ကြပေါ့ကွယ်နော်
ကျတော်လဲရေမိုးချိုးပီး Tower လေးပတ်ကာရေချိုးခန်းထဲကထွက်လာလိုက်တယ် ကျတော်ရေချိုးခန်းကထွက်ပီးခေါင်းကိုတဘက်ဖြင့်သုတ်နေကာ ကုတင်ပေါ်မှာအိပ်မောကျနေတဲ့ကလေးငယ်ကိုအမြတ်တနိုးကြည့်နေမိတယ်.....
YOU ARE READING
ကျတော်နဲ့ Baby Boo
RomancePark Chanyeol ကိုဘယ်သူနဲ့မှမ ship ခဲ့တဲ့ကျမ အခုတော့ Fic တပုဒ်ဖတ်ပီးကလေးမလေးတယောက်နဲ့ ship နေမိပီ အဲ့ Fic က OC ရယ်....ကိုယ့်ယုံကြည်တဲ့ OTP လေးကိုအစစ်အမှန်လေးဖြစ်စေချင်တယ် အဲ့ဒါကြောင့်ကိုယ့်ဘာသာစိတ်ကူးပုံဖော်ပီးရေးမိတယ်...