Part-27

132 2 0
                                    

သာယာတဲ့ မနက်ခင်းလေးတွင်.....ပြူတင်းပေါက်ဆီက နေရောင်ကြောင့် Chanyeol တယောက်နိုးလာသည်....။နေရောင်ပျပျလေးက Chanyeol မျက်နှာပေါ်သို့ ကျရောက်နေရုံမကပဲ သူ့လက်မောင်းကို ခေါင်းအုံးကာ အိပ်မောကျနေသော Yoon Young မျက်နှာပေါ်သို့ပါ ကျရောက်နေသည်.....။

Chanyeol ရယ်လိုက်ပြီး သူ့ရဲ့ ကျန်လက်တဖက်နဲ့ Yoon Young မျက်နှာပေါ်ကျရောက်နေသည့် နေရောင်ကိုကာပေးလိုက်သည်....။

ညတုံးက Chanyeol တယောက် အနည်းငယ် ကြမ်းသွားတာကြောင့် သူ့ကလေး မထနိုင်ဖြစ်နေမည်ဆိုတာကို သူသိသည်.....။

သို့သော် ကိုယ်ကတော့ ရေမိုးချိုးပြီး မနက်စာပြင်ကာ သူ့ကိုဆေးတိုက်ရမယ့်သူဖြစ်တာမို့ မထချင်ဖြစ်နေသော်လည်း ထရသည်....။

ခေါင်းကို အသာလေးမကာ သူခေါင်းအုံးထားသည့် ကိုယ့်လက်ကို လျှိုထုတ်ရသည်....။ ကိုယ်ခေါင်းကိုမလိုက်လို့ ဒီကလေး နိုးသွားမည်ကိုလဲ သူကြောက်ရသည်...။

လက်ကို လျှိုထုတ်ပြီး ခေါင်းအုံးပေါ်အသာပြန်ချတော့ အင်း အဲဖြင့် ဟိုဘက် ဒီဘက်လှည့်သည်....။နိုးသွားသည်ထင်ပြီး စိတ်ပူသွားသော်လည်း ကလေးမက မနိုးပေ....။

ကလေး မနိုးတော့မှ စောင်ကို သေချာပြန်ခြုံပေးလိုက်ပြီး  ပါးပြင်ထက် အနမ်းခြွေကာ ပြူတင်းပေါက်လိုက်ကာ သွားဆွဲရသည်.....။

............

မနက်စာ ပြင်ပြီးသည်အထိ ဒီကလေးက မနိုးသေး...။အိပ်မက်တွေလှပနေသည်ထင်ပါ့....။မျက်နှာထင်လဲ အပြုံးပန်းတွေဝေနေလေရဲ့....။

Chanyeol ရယ်လိုက်ရင်း ထိုကလေးရဲ့ ကိုယ်လုံးလေးကို လှုပ်ကာ နှိုးလိုက်သည်....။

"ကလေး.....ကလေး ထ တော့လေ ကွာ...."

"အင်း.....ကိုကို ရာ ကလေး မထချင်သေးဘူး....အိပ်ချင်သေးတယ်....."

ကိုယ့်အား ပြောပြီး တဖက်သို့ ပြောင်းအိပ်သွားသော ထိုကလေး....။

"ကလေး မ ထ လို့ မရဘူး.....ထတော့ မနက် ၁၀နာရီကျော်နေပြီ ထပ်အိပ်ရင် ကလေး ခေါင်းတွေကိုက်ပြီး နေမကောင်းဖြစ်လိမ့်မယ် ထ ထ...."

You've reached the end of published parts.

⏰ Last updated: Nov 24, 2019 ⏰

Add this story to your Library to get notified about new parts!

ကျ​တော်​နဲ့ Baby BooWhere stories live. Discover now