At midnight
"Channie ...."
အသံတိုးတိုးလေးဖြင့်သူ့လက်မောင်းပေါ်ခေါင်းအုံးပီးအိပ်နေရမှထကာအိပ်မောကျနေတဲ့သူ့ကိုနှိုးမိသည်
"Channie...."
"ဟင် ကလေးငယ် ဘာဖြစ်လို့လဲ ဘယ်နေရာကဘာဖြစ်လို့လဲ"
ဒုတိယတခေါက်နှိုးလိုက်တော့ချက်ချင်းကိုအလန့်တကြီးနဲ့နိုးလာတဲ့ကျမ Channie ရယ်ပါ
"ဘာမှမဖြစ်ပါဘူး ဗိုက်ဆာလို့....."
ကျနော်ဘေးနားကနေအသံတိုးတိုးလေးဖြင့်ပြောလာသောကလေးကြောင့်ရယ်မိသည်
"ကလေးငယ်ရယ် ကိုယ်ဖြင့်လန့်သွားတာဘဲ ဘာများဖြစ်တာလဲလို့ ကဲပြော ဘာစားချင်လို့လဲ အောက်မှကိုယ်သွားယူပေးမယ်နော်"
ကလေးငယ်ရဲ့ခေါင်းလေးကိုပွတ်ကာပြောမိတော့သူလေးကထပ်မံပြောလာသည်
"စတော်ဘယ်ရီစားချင်တာ"
"ဟင် စတော်ဘယ်ရီ? ကိုယ့်အိမ်မှာမရှိဘူးလေ"
"ဒါပေမဲ့စားချင်တယ်လေ ဝယ်ပေးပါနော် Channie"
ကျနော့်အင်္ကျီစကိုဆွဲရင်းပြောလာတဲ့ကလေးငယ်ကြောင့်ရယ်ရခက်ငိုရခက်
"ကလေးငယ်လေး မနောက်နဲ့လေကွာ ဒိအချိန်ကြီးကိုယ်ကစတော်ဘယ်ရီကိုဘယ်ကသွားဝယ်ပေးရမှာလဲ"
"ဒါဆိုမဝယ်ပေးနိုင်ဘူးပေါ့နော် ဟင့် စားချင်တာကို"
ချက်ချင်းကိုမျက်နှာငယ်လေးနဲ့ပြောကာခေါင်းကိုအောက်သို့ငုံ့သွားသော ကျတော့ကလေးငယ်လေး ငိုသံကလဲပါလာသည်
"မငိုနဲ့လေ ကလေးငယ်လေး အခုမှ၁နာရီခွဲရှိသေးတာကို ဆိုင်တွေပိတ်ပီလေ မနက်၎နာရီကျရင်ကိုယ်သွားဝယ်ပေးမယ်နော် အခုတော့ အ အောက်မှ ပန်းသီးရှိတယ်လေ စားမလား ကိုယ်ခွဲလာပေးမယ်နော် ကလေးလေး"
"ဟင့် ဘယ်ရီဘဲစားချင်တာ"
"ဒီအချိန်ကြီးဝယ်လို့မရဘူးလေ ကလေးလေးရဲ့"
YOU ARE READING
ကျတော်နဲ့ Baby Boo
RomancePark Chanyeol ကိုဘယ်သူနဲ့မှမ ship ခဲ့တဲ့ကျမ အခုတော့ Fic တပုဒ်ဖတ်ပီးကလေးမလေးတယောက်နဲ့ ship နေမိပီ အဲ့ Fic က OC ရယ်....ကိုယ့်ယုံကြည်တဲ့ OTP လေးကိုအစစ်အမှန်လေးဖြစ်စေချင်တယ် အဲ့ဒါကြောင့်ကိုယ့်ဘာသာစိတ်ကူးပုံဖော်ပီးရေးမိတယ်...