ကလေးငယ်နဲ့အတူကစားကွင်းရောက်တော့ကျနော်လဲသူစီးချင်တာတွေသူနဲ့အတူလိုက်စီးရသည်ပေါ့နော် တကယ့်ကိုဆော့လိုက်တာလဲလွန်ရော တခါတခါတွေးမိတယ် ကျတော်မိန်းမယူထားတာလား ကလေးယူထားတာလားမသဲကွဲလို့......
"ကလေးလေးရေ ခဏလောက်နားကြမယ်လေ တနေ့ကုန်ဆော့ထားတာမပင်ပန်းဘူးလား"
"ဟာ Channie ကလဲ ကလေးဆော့လို့မှမဝသေးတာကို ဟိုဟာကြီးသွားစီးကြမယ်နော်"
ရိုလာကိုစတာကိုလက်ညှိုးထိုးပီးသွားဖို့လုပ်နေတဲ့ကလေးလက်ကိုအတင်းဆွဲထားလိုက်ရသည် ဘယ်နှယ့် အမြင့်ကြောက်တတ်တဲ့သူကရိုလာကိုစတာစီးမယ်ဆိုတော့....
"ကလေးလေးရာ ထိုင်ပါအုံး"
ကျတော်ကလေးငယ်ရဲ့လက်ကိုဆွဲချလိုက်ပီးထိုင်ခုံပေါ်တွင်ထိုင်စေလိုက်သည်.....
"ကြည့်ပါအုံး တကိုယ်လုံးချွေးတွေကြီးဘဲ ကိုယ့်ကလေးလေးက"
ကျနော်လဲချွေးတွေရွဲနစ်နေတဲ့ကလေးငယ်ရဲ့အရှေ့ဝဲဝဲလေးကျနေတဲ့ဆံနွယ်လေးကိုကလေးတယောက်ကိုသပ်ပေးသလိုမျိုးသပ်ပေးပီးပြောလိုက်တော့ကလေးငယ်လေးကမျက်လုံးမှိတ်သည့်တိုင်ရယ်ပြလာသည်
"Channie Channie Icecream စားမယ်"
ကျတော့ကိုလက်ညှိုးထိုးကာကလေးတယောက်လိုပူစာနေသောကလေးငယ်ကသိပ်ကိုချစ်စရာကောင်းလှသည်.....
"အင်း ကလေးငယ်စားချင်ရင်ခဏစောင့်"
ကျနော်လဲကလေးငယ်လက်ထဲရေဘူးထည့်ပေးပီး Icecream ရောင်းရာသို့လာခဲ့သည် ကျတော်လဲရေခဲမုန့်၂ဘူးဝယ်ကာပြန်လာခဲ့သည်
"အင့် ကလေးလေး"
"Gomasimitar Channie ကောင်းကောင်းစားပါ့မယ်"
ကျတော်ပေးတဲ့ရေခဲမုန့်ဘူးကိုယူကာပြောလာတဲ့ကလေးငယ်လေးကချစ်စရာအတိ....
"ဟာ Channie ဟိုမှာဟို၂ကောင်မလား?"
ရေခဲမုန့်ကိုအားရပါးရစားနေတဲ့ကလေးငယ်ဆီမှအသံထွက်လာသည် ကျတော်လဲကလေးငယ်ပြရာကိုကြည့်လိုက်တော့ လွယ်အိတ်ကိုယ်စီနဲ့ရိုလာကိုစတာစီးဖို့စောင့်နေကြတဲ့ကလေးငယ်ရဲ့သူငယ်ချင်း၂ယောက် Kim Jong In နဲ့ Oh Sehun ဆိုတဲ့သူငယ်လေး....
YOU ARE READING
ကျတော်နဲ့ Baby Boo
RomancePark Chanyeol ကိုဘယ်သူနဲ့မှမ ship ခဲ့တဲ့ကျမ အခုတော့ Fic တပုဒ်ဖတ်ပီးကလေးမလေးတယောက်နဲ့ ship နေမိပီ အဲ့ Fic က OC ရယ်....ကိုယ့်ယုံကြည်တဲ့ OTP လေးကိုအစစ်အမှန်လေးဖြစ်စေချင်တယ် အဲ့ဒါကြောင့်ကိုယ့်ဘာသာစိတ်ကူးပုံဖော်ပီးရေးမိတယ်...