ကျတော် တော်တော်နဲ့ အိမ်မပြန်ဖြစ်
ကျောင်းရှေ့ကနေအိမ်ပြန်မယ်လို့တွေးထားမိသော်လည်း ကလေးနဲ့ရန်ဖြစ်ထားမိတယ်ဆိုတော့ အိမ်ရောက်ရင် ကလေးနဲ့မျက်နှာချင်းဆိုင်တွေ့နေရမှာလေ ဒီတခါတော့ ကျတော်မချော့ပါရစေနဲ့ ဒီကလေးကဆိုးနေတာ.....Time Skip
7နာရီလောက်မှအိမ်သို့ပြန်လာခဲ့သည် ဒီချိန်လောက်ဆို ကလေးလဲ သွေးအေးနေပီဆိုတာသေချာသည်
"မင်းဘယ်ကပြန်လာတာလဲ အချိန်လဲကြည့်အုံး"
အိမ်ထဲဝင်ဝင်ချင်းစည်းလို့ကြိုတဲ့ အမေ့ရဲ့စကားသံ
"Omma မပြန်သေးဘူးလား"
"မင်းတို့မှပြန်မလာသေးတာ ငါကမြေးကိုဘယ်လိုလုပ်ထားခဲ့ရမှာလဲ"
တယောက်ထဲ?
"ခဏ Omma ပြောချင်တာက ကလေးပြန်မရောက်သေးဘူးလို့ဆိုလိုတာလား"
"မင်းသွားကြိုတာလေ မင်းနဲ့အတူတူကလေးကရှိနေရမှာ မဟုတ်ဘူးလား ဖုန်းဆက်တော့လည်း ၂ယောက်လုံးကမကိုင်ဘူး ဘယ်တွေသွားနေတာလဲ ဒါနဲ့ ကလေးရော"
"မဟုတ်ဘူး Omma
ကလေးက ပြန်သွားပြီ ကျောင်းရှေ့မှ သူနဲ့ကျနော်နဲ့ စကားများခဲ့တာ သူအရင်ပြန်သွားတာ ကျနော်ကသူသွေးအေးလောက်မယ့်အချိန်မှ ပြန်လာတာ""ဘာ....မင်းဘာပြောလိုက်တယ် ဒါဆို ကလေးက မင်းနဲ့အတူရှိနေတာ မဟုတ်ဘူးပေါ့လေ ဟုတ်လား"
Omma စကားကြောင့် စိုးရိမ်မှုကပို၍ကြီးမားလာသည် ဒီကလေးကွာ ဘယ်တွေသွားပြန်တာလဲမသိဘူး
ကျနော် Omma မေးတာတောင်ပြန်မဖြေနိုင်ပဲ ဘောင်းဘိအိတ်ထဲက ဖုန်းကိုနှိုက်ကာ ကလေးဆီဖုန်းဆက်လိုက်တော့ စက်ကပိတ်ထားသည်
"Omoni တို့ဆီ Omma ဆက်ကြည့်သေးလား"
"ညနေက ဆက်ကြည့်လိုက်တယ် ဘယ်သူမှရောက်မလာဘူးတဲ့ Park Chanyeol ရာ ကလေးနဲ့ဘာလို့ရန်ဖြစ်တာလဲ ကလေးအကြောင်းသိရဲ့သားနဲ့"

YOU ARE READING
ကျတော်နဲ့ Baby Boo
RomansaPark Chanyeol ကိုဘယ်သူနဲ့မှမ ship ခဲ့တဲ့ကျမ အခုတော့ Fic တပုဒ်ဖတ်ပီးကလေးမလေးတယောက်နဲ့ ship နေမိပီ အဲ့ Fic က OC ရယ်....ကိုယ့်ယုံကြည်တဲ့ OTP လေးကိုအစစ်အမှန်လေးဖြစ်စေချင်တယ် အဲ့ဒါကြောင့်ကိုယ့်ဘာသာစိတ်ကူးပုံဖော်ပီးရေးမိတယ်...