Part-2

217 10 0
                                    

ကျမလဲ Channie ကိုနမ်းပီးကားပေါ်ကပြေးဆင်းလာတယ် အဲ့လူကြီးကအသက်သာကြီးတာသိပ်ကိုချောပီးခန့်တာ တကယ်ဆိုရင်စိတ်မချပါဘူး ကျောင်းတောင်လိုက်ပို့ခိုင်းချင်တာမဟုတ်ဘူး ကျောင်းကဟာတွေကလဲသိပ်ကိုမုန်းဖို့ကောင်းတာ Park Chanyeol တို့ကျမကိုကျောင်းလိုက်ပို့ပီးဆိုရင်မျက်လုံးတွေကကြည့်တာကြည့်တာဆိုတာဘေးနားမှသူ့မိန်းမတယောက်လုံးပါတာတောင်သိရဲ့လားမသိပါဘူး😪

Kim Yoon Young လေးတယောက်လဲအတွေးစလေးတွေတွေးရင်ကျောင်းခန်းထဲသို့ဝင်လာလေသည်

"ဟော ဟိုမှာလာပါပီ မယ်မင်းကြီးမ"

ဝင်ဝင်ချင်းကြားလိုက်ရသည့်အသံက Oh Sehun ရဲ့အသံ

"Kim Yoon Young ရယ် နောက်ကျလိုက်တာ ဒီမှာငါတို့ဘယ်လောက်တောင်စောင့်လိုက်ရလဲနင်သိလား ငါတို့ဂိမ်းဆော့မယ့်အချိန်ထဲက၁၅မိနစ်နင့်ကိုစောင့်လိုက်ရတယ်"

"အမလေး Oh Sehun ရယ် တော်စမ်းပါ အပိုတွေပြောမနေနဲ့😑 ဒါနဲ့နေပါအုံး နင်တို့၂ယောက်ကငါ့ကိုဘာလို့စောင့်နေတာလဲ ဆိုစမ်းပါအုံး"

ကျမလဲထိုင်ခုံမှာဝင်ထိုင်ကာမေးလိုက်တော့ Kim Jong In ဆီမှအသံထွက်လာသည်

"ဟာ မေးရက်လိုက်တာ ချီးထုတ်မရယ်😑 မုန့်သွားစားဖို့စောင့်နေတာပေါ့"

"အော် နင်တို့၂ယောက်ကိုငါစောင့်ခိုင်းလို့လား😕"

"Yar.....Kim Yoon Young!!!"

၂ယောက်လုံးရဲ့ vocal စွမ်းရည်ကြောင့်ကျမနားကိုအလျင်အမြန်ပိတ်လိုက်ရသည် အတန်းကသူတွေကလဲနားလေးတွေကိုယ်စီပိတ်လို့

"ဟားဟား....စတာပါဟာ ငါ့သူငယ်ချင်းတွေကလဲ စိတ်ကြီးဘဲ😁😁 ဟီး ငါအိပ်ရာထနောက်ကျသွားလို့ပါဟာ လာ canteen သွားကြမယ် ငါဝယ်ကျွေးမယ် ဟုတ်ပီလား"

"မုန့်ဝယ်ကျွေးမယ်ဆိုလို့ကံကောင်းသွားတယ်မှတ်ပါ Kim Yoon Young shi"

"ဟုတ်ပါပီ Sehunnie လေးရယ် လာ လာ Jonginnie လေးလဲ သွားမယ် Noona နဲ့အတူ"

Yoon Young လေး လဲသူတို့၂ယောက်ကြားဝင်ပီးလက်ကိုချိတ်ကာပြောလိုက်တော့

"Kim Yoon Young shi ခင်ဗျားလေးက ကျုပ်တို့၂ယောက်ထက်ပိုငယ်ဆိုတာသိထား😬"

ကျ​တော်​နဲ့ Baby BooWhere stories live. Discover now