"ကလေးလေး"
"Channie သားသားကိုသွားခေါ်မယ်လေ"
ကျတော်နာမည်လေးဘဲခေါ်ရသေးတယ် သားသားကိုသွားခေါ်မယ်ဆိုတာကြီးဘဲ အချိန်ကိုကြည့်တော့လည်း မနက်၈နာရီဘဲရှိသေး.....
မနက်ကအစောကြီးနိုးပြီး သားသားကိုသွားခေါ်မယ်ဘဲ လုပ်နေတာ ညက နာနေတာတောင် သတိရရဲ့လားမသိဘူး
ကျတော့ကိုသာပိုတယ်ပြောနေတာ အဲ့ကလေးလေးက ပိုလို့တောင် ပိုပါသေးတယ်နော်
"ကလေးရယ် ခုက အစောကြီးရှိသေးတယ်လေ ၁၀နာရီလောက်မှသွားခေါ်မယ်နော်"
ကျတော်ကလေးရဲ့ပခုံးကိုကိုင်ကာပြောတော့ သူက ကျတော့လက်ကိုဖယ်ပြီး ခေါင်းခါသည်
"ဟင့်အင်း အခုသွားခေါ်မယ်ဆို"
"ကလေးလေးကလည်းကွာ.....သားသားရှိရင် ဒီလိုမျိုး ကလေးကိုစိတ်ကြိုက်နမ်းလို့မရဘူးလေ ဒီနေ့ပါ ကိုယ်ကရုံးမသွားတာကို"
ပြောရင်းနဲ့ ကျနော်သူ့ရဲ့လည်တိုင်လေးကိုတချက်နမ်းလိုက်သည်
"ဒါပေမဲ့ သားသားက ငယ်သေးတယ်လေ"
"သိပါတယ် ကလေးရယ်......ခုတော့ခဏလေးနော်.....ကိုယ့်ကိုပြန်ဖက်ထားပေး"
ကျတော်ပြောကာ. ဖက်လိုက်တော့ သူက တော်တော်နဲ့မဖက်သေး နောက်တော့မှာ ဖြေးဖြေးချင်း ကျတော့ရဲ့ကျောပြင်ကိုဖက်တွယ်လာတယ်
"Channie...."
"ဟင်...ပြောလေ ကလေးရဲ့"
"ချစ်တယ်"
"ဟောဗျာ....ကလေးချစ်တာကို ကိုယ်သိတာပေါ့"
"ကလေးကိုရော ချစ်လား"
"ဘယ်လိုမေးလိုက်တာလဲကွာ....ဒီပိစိလေးကတော့ အသည်းယားအောင် ချစ်လွန်းလို့လေ ရူးတောင်ရူးနိုင်တယ်သိလား"
ကျတော်ပြောလိုက်တော့ ဖက်ထားရာကနေ သူကရှုန်းကာ ကျတော့မျက်နှာကိုကြည့်လေသည်
"အပိုတွေ အချစ်လွန်ပြီးရူးတဲ့သူ ကလေးတယောက်မှမတွေ့ဖူးဘူး😒😒"
ကျတော့ကိုမျက်စောင်းလေးထိုးကာ ပြောနေတဲ့ ကလေးကြောင့် ခပ်ဖွဖွရယ်ကာ ခေါင်းလေးကို ဖွဖွလေးထုလိုက်သည်

YOU ARE READING
ကျတော်နဲ့ Baby Boo
RomancePark Chanyeol ကိုဘယ်သူနဲ့မှမ ship ခဲ့တဲ့ကျမ အခုတော့ Fic တပုဒ်ဖတ်ပီးကလေးမလေးတယောက်နဲ့ ship နေမိပီ အဲ့ Fic က OC ရယ်....ကိုယ့်ယုံကြည်တဲ့ OTP လေးကိုအစစ်အမှန်လေးဖြစ်စေချင်တယ် အဲ့ဒါကြောင့်ကိုယ့်ဘာသာစိတ်ကူးပုံဖော်ပီးရေးမိတယ်...