အတန်းမတက်တော့ပဲ လူကလဲ ငြီးစီစီ ဖြစ်နေလို့ အိမ်ကို ပြန်တော့ နေ့လည်လောက် ရှိနေပြီ..Omma က အထူးအဆန်းမေးလေရဲ့....ဟုတ်လဲဟုတ်တယ်လေ ....ဒီချိန် အိမ်မပြန်ဖူးတာရယ်...မနက်က သွားတော့ သန့်ပြန့်နေသလောက် ပြန်လာတော့ ပွန်းပဲ့ရာတွေနဲ့ဆိုတော့ ထူးဆန်းနေပြီပေါ့....
Mrs.Kim "Taehyungie...ဘယ်လိုဖြစ်လာတာလဲ..ပွန်းပဲ့နေပါလား ..လက်တွေရော ဒူးခေါင်းတွေရော....
Tae "စက်ဘီး မှောက်တာ Omma ..ဟီး 😁"
Mrs.Kim "ဖြစ်ရမယ်.သားကတော့...အဲ့ဒါဆို နောက်နေ့တွေ စက်ဘီးမစီးနဲ့တော့ သား အဖေကားနဲ့လိုက်သွား...."
Tae " Omma ကလဲ ...စက်ဘီးနဲ့ပဲ သွားမယ်...နောက်မဖြစ်စေရဘူးနော်....နော်လို့ Omma"
Mrs.Kim " Aigoo..ဟုတ်ပါပြီ.....ချွဲမနေနဲ့ သွား....ရေချိုး ..ဒဏ်ရာတွေဆေးထည့်အုံး"
Tae "Nae..Omma 😁"
ရေချိုး...ခေါင်းပါတစ်ခါတည်းလျှော် ဒဏ်ရာတွေဆေးထည့်ပြီး အိပ်ယာ ထဲမှာ လှဲရင်း အိပ်သွားတယ်....ခေါင်းသုတ်ဖို့ မေ့စွာနဲ့....
ညနေရောက်တော့. .......Mrs.Kim " Taehyungie ရေ....ထမင်းစားမယ်လေ..ဆင်းခဲ့အုံး...."
ပြန်ဖြေသံမကြား....ဒီကလေးအိပ်နေတာဖြစ်မယ်...ညနေစောင်းအိပ်ရင် ဖျားတတ်တယ်...သွားနှိုးမှပဲ....
Mrs.Kim "Taehyungie..ထတော့လေ...ဟင်...အသားတွေ ပူနေပါလား...သား ထ ထ... ဆေးသောက်မယ်"
Tae " ရပါတယ် Omma ရဲ့....အိပ်လိုက်ရင် သက်သာသွားမှာ...ဆေးမသောက်ချင်ပါဘူး...ခါးတယ်...." လို့ နှုတ်ခမ်းစူကာပြောလိုက်တော့. .
Mrs .Kim " ဆေးသောက်ရမှာပေါ့ အဲ့ဒါမှ တစ်ခါတည်းသက်သာသွားမှာ...ဆေးကြောက်နေရအောင် Kim Tae Hyung shi အသက်က 19 နော် ...ကလေးမဟုတ်တော့ဘူး. "
Tae " ပြီးရော ပြီးရော.....ပေး" စူအောင့်စွာ ဆေးကိုယူပြီး ရေကို ဂွပ်ခနဲသောက်ချကာ ..
" Omma...သား ပြန်အိပ်အုံးမယ်..."Mrs.Kim "အေး.အိပ် အိပ်....ဆန်ပြုတ် ပြုတ်ထားပေမယ်....."
Tae "Nae .Omma"...
Jk's side ..
ဒီနေ့ Jina နဲ့ တစ်လပြည့်မို့လို့ Taehyung ကို massage ပို့ကာ လက်ဆောင်ဝယ်ခိုင်းလိုက်တယ်....ကိုယ်မှမကျွမ်းတာ...Taehyung က လက်ဆောင်တွေ ကိုယ့်အတွက်ဝယ်ပေးနေကြဆိုတော့ သူ ဝယ်တတ်မယ်ဆိုပြီး မှာလိုက်ခြင်း ... 7 နာရီ ထိုးသော်ငြား ပေါ်မလာသောကြောင့် စိတ်တိုမိသည်....Jina နဲ့ 7 နာရီ အတိ ချိန်းထားတာကိုး....7:30 ရောက်တော့
"Gukkie ya" ဆိုပြီး ခေါ်သံကြားတော့ Taehyugie ရယ် အမောတကောပြေးလာဟန်တူသည်....ချွေးတွေနဲ့....ဘာမှဂရုမစိုက်ပဲ အပြစ်တင်စကားဆိုလို့တော့ ပြေးထွက်သွားတဲ့ ကျောပြင်သေးသေးလေး.......ကြောင်အစွာ ကြည့်နေရင်းက ဖုန်းမြည်သံကြောင့်...