" လန့်လိုက်တာ Jungguk ရယ်....ဘယ်လိုဖြစ်လို့လဲ အလန့်တကြား"
"အံ့ဩသွားလို့ပါ Hyung"
"Aww....ယောကျာ်းလေးချင်း သဘောကျတယ်ဆိုတာကိုလား ? ဒီခေတ်မှာ အဲ့ကိစ္စတွေက မဆန်းတော့ဘူးလေ.... လူတိုင်းလဲ လက်ခံနေကြပြီလေ"
"......"
"Love is Love ... Hyung က အဲ့လိုပဲတွေးတယ်"
"Taehyung ကို ဘာကြောင့်သဘောကျတာလဲ?"
"မင်းကရော.... Jina ကို ဘာကြောင့် သဘောကျတာလဲ?"
"အကြောင်းပြချက်မရှိဘူး.... ဒီတိုင်း ရင်ထဲက ဖြစ်လာတဲ့ ခံစားချက်ပဲ"
" Hyung လဲ အဲ့အတိုင်းပဲ..... ခံစားချက်လေးကနေ ဖြစ်လာတာပဲ"
"......."
"ယောင်းငယ်က ခေါင်းအစ ခြေအဆုံး ချစ်ဖို့ကောင်းတယ်....သူရယ်ရင် ဖြစ်လာတဲ့ Boxy smile, အလိုမကျရင်ဖြစ်လာတဲ့ စူပုပ်" မျက်နှာလေး... Arigoo ချစ်ဖို့ကောင်းလိုက်တာ"
"ဖွင့်ပြောမှာလား?"
"အဲ့ဒါက မေးစရာတောင် မလိုဘူးလေ Jungguk ရဲ့....ကိုယ့်ချစ်ရတဲ့သူကို တခြားသူ လက်ထဲ အပါခံရအောင် Hyung က ငတုံးလား 😂 နောင်တ ဆိုတာက အရမ်းခံရခက်တယ်လေ"
Yoongi hyung က ရယ်"မော" ပြောနေချိန် ဘာမှမပြောနိုင်ပဲ စွံ့အ နေသူက ကျွန်တော်...... တဆိတ် ကျွန်တော့်ရင်ထဲ စို့နင့်"နေသလားလို့...
တိတ်ဆိတ်နေတဲ့ စကားဝိုင်းထဲ ဆူညံစေတာက အစားသရဲ Kim Tae Hyung.....
"ဟေ့ကောင် Jungguk ဒီမှာ မင်းကြိုက်တဲ့ ငါးပေါင်မုန့်"
"ok.. ငါ လာပြီ...မင်းရော စားမှာလား"
"မေးစရာလိုသေးလို့လား မင်းကလဲ" Boxy smile နဲ့ ပြောလာသော Taehyung..
Yoongi hyung ပြောတာ မှန်တယ်....Taehyung က ချစ်ဖို့ကောင်းတယ်....
ငေးကနဲ ဖြစ်သွားခိုက်......
"ကိုယ်ဝယ်ကျွေးမယ် ယောင်းငယ်"
"ရတယ် Hyung... ဒါက သူ့ကိုဝယ်ကျွေးခိုင်းမှာ... Hyung ဝယ်ကျွေးဖို့က သက်"ရှိတယ်"
"ဟုတ်ပါပြီ...ယောင်းငယ်ရာ"
"arjima ...ငါးပေါင်မုန့် ဘယ်လိုရောင်းလဲဟင်"