"မင်းကလဲ.....ဘာဖြစ်နေတာလဲ....စိတ်ဆိုးနေတာလား....
ငါ ဒီလိုဖြစ်သွားလိမ့်မယ်မှန်းမတွေးမိလိုက်လို့ပါ""မူလတန်း ကလေးတောင် သိလိမ့်မယ် jung guk .....မင်းက uni ကျောင်းသားနော် ကလေးတွေထက် မင်းဦးနှောက်က ပိုပြည့်မယ်ထင်တယ်...."
"မဟုတ်ဘူးလေ....ငါက......"
ပြောမဲ့စကားပြတ်သွားသည့် အကြောင်းအရင်းက အတန်းထဲသို့ ဝင်လာသော အပေါက်ဆိုးဆိုး ဆရာမ......
ဆရာမ စာသင်နေတဲ့အချိန် စိတ်မဝင်စားတဲ့သူဆိုရင် မိမိသာ ဖြစ်လိမ့်မည်။ အမောင် Tae hyung ကို ချော့ဖို့ အတွက် စဉ်းစားရင်း စာသင်ချိန်ပြီးရင် သူ့ကို ဘယ်လိုချော့ရမယ်ဆိုတာက ခေါင်းထဲအပြည့်နဲ့ တွေးနေရသည်။Jina စိတ်ကောက်ရင်တောင် ချော့ဖို့မတွေးခဲ့သူက သူ့ကို ချော့ဖို့အချိန်ပြည့်တွေးနေရတယ်ဆိုတာ ကြားတဲ့သူမှန်သမျှ ယုံမယ်မထင်.......
ထိုအချိန် "Ring Ring" အချိန်ပြည့်လို့ ဆရာမထွက်သွားတော့......
"Tae Hyung na.....canteen အတူ သွားမယ်လေ"
"မလိုက်တော့ဘူး Jung Guk ... ငါ့ကို Hyung လာခေါ်မယ် ပြောထားလို့"
"ဘယ် Hyung ... မနက်က တွေ့တဲ့ sambae?"
"အွန်း...သူ့နာမည်က Min Yoon Gi တဲ့... 3rd yr က ငါတို့နဲ့ major တူတယ်"
"အခုမှ သိတဲ့သူနဲ့ အရမ်းရောရော မနေပါနဲ့လား"
"ဘာအတွက်ကြောင့်လဲ"
"သူစိမ်းတွေက ကိုယ့်ကို ဒုက္ခပေးနိုင်တယ်လေ"
"Ahhhh...ဒါဆို မင်းလို ရင်းနှီးတဲ့ သူကရော......"
"မင်းကလဲ မနက်က ကိစ္စကို ကောက်လို့ မပြီးသေးဘူးလား"
"ကောက်တာမဟုတ်ဘူး....စိတ်ပျက်တာ..... ထားပါတော့
မနက်က ငါဘယ်လိုတွေ ဖြစ်ခဲ့လဲ သိချင်လား Jung Guk?""......."
"ငါ မင်းကို စိတ်ပျက်ပြီး ထွက်လာတဲ့ အချိန်မှာ နာရီ ကြည့်လိုက်တော့ ၁ နာရီလောက်ပဲ လိုတော့တယ်......Jina အိမ်နဲ့ uni က ဘယ်လောက်ဝေးလဲ မင်းသိပါတယ်နော်......ဒီနေ့ ဝင်မဲ့ ဆရာမကလဲ စည်းကမ်းတင်းတဲ့အပြင် သူ့အချိန်နောက်ကျရင် ဘယ်လို အပြစ်ပေးတယ်ဆိုတာလဲ မင်းသိမယ်ထင်တယ်.......Hyung နဲ့ တွေ့တယ်....ငါ့ကို ဆိုင်ကယ်နဲ့ ခေါ်သွားတယ်.....အနောက်ကို ကြည့်လိုက်တော့ မင်းတို့ နှစ်ယောက်က ပျော်မြူးပြီး စက်ဘီးနဲ့ ထွက်သွားတာ တွေ့လိုက်တယ်.... ဒါတောင် သူစိမ်းက ဒုက္ခပေးတာလား......ရင်းနှီးတဲ့သူက ဒုက္ခပေးတာလား....စဉ်းစားနော်..... အရင်က အရာရာကို ငါ့အတွက် ဦးစားပေးတဲ့ စဉ်းစားပေးတဲ့ Gukkie မျိုးပြန်လိုချင်တယ် jung guk"
သူပြောတဲ့ စကားတွေက လုံးဝ အတိအကျ မှန်နေတော့ ကိုယ့်စကားကို ဘယ်လိုဆက်ရမလဲ မသိတော့....အတွေးတိမ်သွားခဲ့တယ်....
"ငါ......"
"ယောင်းငယ်"
"ဟင်... Hyung... အတန်းပြီးသွားပြီပေါ့....သွားမယ် hyung"
"အွန်း...ယောင်းငယ်....သွားကြမယ်...."
"Jung Guk.... ငါသွားပြီ" ဆိုပြီး လက်ပြနှုတ်ဆက်သွားတဲ့သူကို လက်ပြန်ပြဖို့ရာ အားမရှိ.
"ဟျောင်းငယ်"တဲ့လား....လှလိုက်တဲ့ nickname လေး..
သူ့ကို nickname လေးတွေနဲ့ခေါ်ရင် သိပ်ပျော်တာ....Min Yoon Gi sambae.. hyung သိပ်တော်တယ်....သူ့ကို ခဏအတွင်းမှာ ပျော်အောင်လုပ်ပေးနိုင်ခဲ့တယ်....တဖြည်းဖြည်း ကွယ်ပျောက်သွားတဲ့ ကျောပြင်ငယ်ကို ကြည့်ပြီး "မင်းဘာဖြစ်နေတာလဲ? Jung Guk" ဆိုတဲ့ မေးခွန်းကို ဖြေနိုင်ဖို့ အားအင်မဲ့နေခဲ့တယ်....
ပြန်လာပါပြီနော်....တဖြည်းဖြည်းနဲ့ ရေးရတာ အားတွေလျော့ပါတယ်......အရေးအသားတွေလဲ စုတ်လာသလိုပဲ....ပြန်ဖျက်ဖို့ပဲ စိတ်ကရောက်နေတာပါ😪🙏