ကျောင်းတက်ဖို့ ပြင်ရင်း Omma ၏ breakfast စားဖို့ခေါ်တာကြောင့် ထမင်းစားခန်းသွားတော့ ကိုယ်တော်ချောက
ထမင်းစားခန်းမှာ မိန့်မိန့်ကြီးထိုင်ပြီး သူ့ယုန်သွား နှစ်ချောင်းကို ပြူးနေအောင် ပြုံးပြလေရဲ့ ....ဘာ အချိုးချိုး နေမှန်းမသိသေးတာကြောင့် ရင်ခုန်ဖို့တောင် ခပ်လန့်လန့်....Breakfast စားပြီး စက်ဘီးထုတ်မလို့လုပ်တော့...
"Taehyung , မင်းစက်ဘီး ထားခဲ့လိုက် ငါ့စက်ဘီးနဲ့သွားမယ်"
"အက်လယ်....Jeon Jung Gukကြီးက သူ့စက်ဘီး ကို စီးခိုင်းတယ်ပေါ့....အရင်တုန်းက စီးပါမယ်လုပ်တာကို မစီးနဲ့ ပြောတဲ့သူကလေ😕"
"မင်းကလဲ အရင်က ကိစ္စတွေပါကွာ...စိတ်ထဲမထားပါနဲ့.." ဆိုပြီး ယုန်သွား ကို ပြူးနေအောင် ရယ်ပြနေသူ....
"Jung Guk နေမှကောင်းရဲ့လားမသိ...အရယ်အပြုံး သိပ်မလုပ်တဲ့သူက ယုန်သွားတွေကို ပြူးအောင် ပြုံးပြနေပါလား"
စိတ်ထဲမှတွေးခြင်း ....အပြင်မှာ ထုတ်ပြောရင် "မင်းက ငါ့ကို လှောင်တာလား"ဆိုပြီး မစီးခိုင်းရင် ဒုက္ခ...Uni သွားရာ လမ်းတစ်လျှောက်....
"Tae hyung ,မင်းမနေ့က ပြန်သွားတာ နေမကောင်းလို့ဆို သက်သာသွားပြီလား"
"နည်း"ခေါင်းကိုက်လို့ပါ...သက်သာသွားပြီ"
မနေ့က ကိစ္စကိုမပြောတော့ပါဘူး..သူက စိတ်ပူပေးမှာမှမဟုတ်တာ....
ဂုန်းဆင်း ရောက်တော့ အမြန်ဆင်းလိုက်တာကြောင့် သူ့ခါးကို ဖက်မိသွားတော့ ရင်ဘတ်ထဲက ကောင်က လှုပ်သွားလေရဲ့...
သူမသိခင်မှာပဲ လက်ကို ဖြုတ်ချပြီးတော့ ရင်ဘတ်ထဲကကောင် ငြိမ်စေဖို့ ရင်ဘတ်ကို တစ်ချက် နှစ်ချက် ထုတာတောင်
ငြိမ်မသွား....ဒါတောင် သူမသိလို့ သူသိရင် ရင်ဘတ်ထဲကောင် အခုန်မြန်ပြီး ဒီနေရာတင် ကိစ္စချောမည့် အနေအထားတွင်ရှိသည်....."Jung Guk, Uniက ရှေ့တည့်"သွားရမှာလေ...ဘာလို့ ကွေ့လိုက်တာလဲ"
"Jina ကိုသွားခေါ်မယ်လေ....သူတစ်ယောက်တည်းဆိုတော့ ပျင်းနေမှာဆိုးလို့"
"အဲ့ဒါဆို စက်ဘီးက တစ်စီးတည်းလေ ဘယ်လိုသွားမှာလဲ"
"လမ်းလျှောက်မယ်လေ...စက်ဘီးကို တွန်းသွားတာပေါ့"
"မင်းအကြံကတော့မဆိုးပါဘူး....ဒါမဲ့ Jina က စက်ဘီးစီးချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ"
"အဲ့ဒါဆို သူ့ကို ငါ စက်ဘီးနဲ့ခေါ်သွားမယ်လေ...မင်းက လမ်းလျှောက်ပေါ့"
ဩော်...သိလိုက်ပါပြီ....မနက်ကတည်းက အချိုးတွေ အရမ်းပြောင်းနေတယ်ဆိုတာ....
"Jung Guk ,စက်ဘီး ခဏရပ်ပေးပါလား"
"မင်းကလဲကွာ...ရောက်တော့မှာကို အချိန်ကုန်တယ်"
"ငါမင်းကို ရပ်ပေးလို့ ပြောနေတယ်မလား ..."
Jung Guk လန့်သွားလေရဲ့...လန့်မှာပေါ့ တစ်ခါမှာမှ သူ့ကိုအဲ့လို မအော်ခဲ့ဘူးတာ ...
"Tae Tae Taehyung , ဘာဖြစ်လို့လဲ"
"မင်းလုပ်ပုံတွေ လုံးဝ မတရားဘူးလို့ မထင်မိဘူးလား Jung Guk, ငါ စက်ဘီးထုတ်မလို့လုပ်တုန်း ဘာလို့မထုတ်ခိုင်းတာလဲ...ဒီလို အခြေအနေမျိုးကို မင်းအစကတည်းက တွေးခဲ့တာမလား... မင်းတွေးပြီးသားဆို ငါ့ကိုစက်ဘီး ယူခိုင်းရမယ်လေ ..Jinaနဲ့ မင်းက စက်ဘီးနဲ့သွား. ..ငါက လမ်းလျှောက် .မင်းက ဒီကိစ္စကို တရားတယ်များ ထင်နေလား Jung Guk...Jina အိမ်နဲ့ Uni ဘယ်လောက်ဝေးတယ်ဆိုတာလဲ မင်းသိမှာပါ....ဒါတောင် မင်းက...."
"မဟုတ်ဘူး...Taehyung ..ငါပြောတာက အဲ့လိုမဟုတ်ဘူး"
"မဟုတ်လို့ပဲ Jina အိမ်ရှေ့ ရောက်တော့မယ်လေ...ငါပြောသလို ဖြစ်မလာဘူးလို့ မင်းအာမခံနိုင်လား"
"ငါ......"
"တော်ပြီ Jung Guk...ငါမင်းကို စိတ်ပျက်ချင်လာပြီ...ငါသွားတော့မယ်"
ပြေးထွက်သွားတဲ့ Taehyng ကိုကြည့်ပြီး ရင်တွေဆို့တက်လာလေရဲ့....ချော့ဖို့ ပြေးသွားတော့ မြန်လိုက်တဲ့ လူသား..ရှာလို့ကို မတွေ့တော့....
သူသာ တိုက်လမ်းကြားကို ကြည့်ခဲ့ရင် ငိုနေတဲ့ Taehyung ကိုတွေ့မှာ အမှန်ပင်.......
Jina နဲ့တွေ့တော့ Uni သွားတော့ Taehyung တွေးတဲ့ အတိုင်း Jina က စက်ဘီးစီးပြီး သွားချင်ပါတယ်တဲ့...Taehyung ပြောတာတွေ တကယ်မှန်တာပဲ ... နောင်တဆိုတာ နောင်မှရတာပဲ...ဒါမဲ့ အဲ့နောင်တကလဲ မင်းတစ်ယောက်တည်းအပေါ်မှာပဲ Taehyung ..
အတန်းထဲရောက်တာတောင် Taehyung ကို မတွေ့....
မျက်လုံးကစားကြည့်လိုက်တော့ corridor မှာ Senior တစ်ယောက်နဲ့ ပြုံးပြီးစကားပြောနေတဲ့ Taehyung....
စကားပြောပြီးလို့ အတန်းထဲဝင်လာတော့ ..."အဲ့ဒါဘယ်သူလဲ Taehyung"
"မင်းသိဖို့လိုလို့လား Jeon Jung Guk"
♡♡♡♡♡♡
19 ရက်နေ့မှာ...စာမေးပွဲရှိလို့ စာမရေးဖြစ်တာပါ.....ပြီးအောင်ရေးမှာပါ...မကောင်းမကန်းလေးကို ဖတ်ပေးတဲ့ အတွက်🙏