Part 8

403 58 4
                                    

မုန့်စားပြီး အတန်းထဲပြန်သွားတော့ နားကြပ်တပ်ပြီး ပြတင်းပေါက် အပြင်ကို ကြည့်ကာ သာယာနေတဲ့ Taehyung... တစ်ခါတစ်ခါ သံစဉ်တွေကို လိုက်ပြီး လက်သည်းချွန်ချွန်လေးတွေနဲ့ ခုံကို ခေါက်နေတယ်။

ထိုင်ခုံမှာထိုင်ပြီး စကားပြောဖို့ ပြင်လိုက်တော့ အနားကိုရောက်လာတဲ့ Jina

"ကို ညနေကျရင် လျှောက်သွားရအောင်လေ"

"ဟင်..ကိုယ်အားမယ်မထင်ဘူး...အမေခိုင်းထားတာရှိသေးတော့လေ"

Jina မျက်နှာပျက်သွားပြီး ပြန်ထွက်သွားတာကို မြင်လိုက်ပါရဲ့...ချော့ဖို့တော့ မတွေးမိ ....Taehyung ကို ချော့ဖို့အတွက်သာ စိတ်က ရောက်မိနေတော့သည်။

ထိုစဉ်......

" Hello Omma... သားဒီနေ့ နောက်ကျမယ်နော်.. Sambae တစ်ယောက်က ညဈေးလျှောက်မလို့တဲ့ လိုက်သွားချင်လို့"

"........."

"ဟင်.သူတော့ မသိဘူးလေ...သားနဲ့မှ မဆိုင်တာ..."

"........."

"အွန်း အွန်း....ဒါပဲနော်"

ခေါင်းထဲက အကြံတစ်ခု ပေါ်လိုက်သည်။ "ချက်ဆို နားခွက်က မီးတောက်" ဆိုသည့် အတိုင်း ကြားလိုက်ရတဲ့ Taehyung အသံကို နားထောင်ပြီး....

"ငါလဲ လိုက်မယ် Taehyung"

" မင်းရဲ့ Jina ကို လိုက်ပို့ရအုံးမယ်လေ...မင်းကောင်မလေးရဲ့ မျက်နှာညှိုးတာတောင် မင်းကခံချင်တာမှမဟုတ်တာ"

"သူ့ကို ဒီနေ့ လိုက်မပို့ဘူးလို့ ပြောထားတယ်...ငါမင်းကို စိတ်ပူလို့လေကွာ"

"Hyung ပါတာပဲ ဘာမှ စိတ်ပူစရာလဲ မရှိပဲနဲ့..တစ်ယောက်တည်း သွားလို့ စိတ်ပူတယ်ဆိုလဲ စိတ်မျိုး"

"မင်းကလဲ ငါတို့ နှစ်ယောက် မသွားရတာ ကြာပြီလေ"

နားရင်းချည်းပဲ သုံးချက်လောက်အုပ်လိုက်ရင် အရမ်းကောင်းသွားအုံးမည်။ Jina မှ Jina ဖြစ်နေပြီး အခုမှ အတူမသွားရတာကြာပြီဆိုတော့ "လဲသာသေလိုက်ပါတော့ Jeon Jung Guk ရေ"း')

နောက်ဆုံးချိန်ဆရာ မထွက်ခင် အတန်းရှေ့မှာ ကြိုရောက်နေတဲ့ Sambae ကိုကြည့်ပြီး အံ့ဩမိပြန်သည်။

နံရံကိုမှီကာ ခြေထောက်ကိုချိတ်ထားပြီး လွယ်အိတ်ကိုဘေးတစ်စောင်းလွယ် ဆံပင်အစိမ်းရောင်နဲ့ Hoddie အမဲရောင်က ဖြူနေတဲ့ သူ့အသားကို လုံးဝ perfect ဖြစ်စေသည်။ ဂျင်း အပြဲနှင့် ဂေါ်နေသော Sambae သည် သူ့ကိုကြည့်နေသော ကောင်မလေးတွေကို ဂရုမစိုက်ပဲ Taehyung ကိုပဲ တစိုက်မတ်မတ်ပြုံးပြီးကြည့်နေသည်။

ဘေးက မျောက်လောင်းကတော့ ဘာမှမသိပဲ ငိုက်နေသည်။ တော်"လဲ အအိပ်မက်တဲ့မျောက်လောင်း :3

" ဆရာ ဒီနေ့ပေးလိုက်တဲ့ assignment တွေကို အပြီးရေးထားပြီး နောက်တစ်ပတ် presentation အတွက် အဆင်သင့် ပြင်ထားပေးပါလို့ မှာခဲ့ပါမယ်"

"Nae"

"Class Dismissed"

ကျောင်းသား/သူ တွေ ပစ္စည်းတွေ သိမ်းပြီး ထွက်သွားသည့်တိုင် မသိမ်းနိုင်သူက အမောင် Kim Tae Hyung .. ငိုက်မြဲ ငိုက်ဆဲ ငိုက်လတ္တံ့.....

"Tae Hyung Tae Hyung"

လက်ကို ဖြည်း" လှုပ်ကာ နှိုးလိုက်တော့ တ အင့် အင့် ဆ အဲ အဲ နဲ့ နိုးလာလေရဲ့....ဘေးဘီ ဝဲကြည့်ပြီး တစ်ယောက်မှ မရှိတော့တာ မြင်မှ ပစ္စည်းတွေကို လွယ်အိတ်ထဲ ပြီးစလွယ် ထိုးထည့်ကာ.....

"သွားမယ်.. Jung Guk ဟိုမှာ Hyung စောင့်နေတာ"

"Aww..Imm"

"Hyung...အတန်းပြီးတာမြန်လိုက်တာ 3rd yr ရောက်ရင် စာတွေက နည်းသွားတာလားဟင် စာအများကြီးမကျက်ချင်တော့ဘူး"

"ဘယ်ကသာ..Hyung ဆက်ပြီး မသင်ချင်တော့လို့ ထွက်လာတာ"

"မင်္ဂလာပါ Sambae...Tae Hyung သူငယ်ချင်းပါ. Hyung တို့နဲ့လိုက်ချင်လို့ ညဈေးကို"

"Awwm..ယောင်းငယ် သူငယ်ချင်းပဲ...ကိုယ့်ညီလေးပဲပေါ့ သွားကြတာပေါ့.. Hyung နာမည် Min Yoongi"

" ကျွန်တော် နာမည် Jeon Junk Guk"

"နှုတ်ဆက်ပြီးရင် သွားကြမယ်..Let's go!" ဆိုပြီးအော်ကာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ လက်ကို ဆွဲပြီး ခေါ်သွားလေရဲ့...

Sambae ကြည့်လိုက်တော့လဲ ပြုံးနေသလို ကျွန်တော့် ရင်ဘတ်ထဲက အကောင်ငယ်ကလဲ ခုန်သွားလေရဲ့....

▪အရေးအသားတွေ မကောင်းတော့ဘူးထင်ပါရဲ့🙏



PainWhere stories live. Discover now