Part - 2

13.3K 1K 8
                                    

The dimple on his cheek

Unicode

ငါးနှစ်ခန့်ကြာသော် .....

"သားနဲ့ စေ့စပ်ပေးမယ့် ကောင်မလေး နာမည်က ရွှန်းမြတ်နိုးပိုင်တဲ့ UFLကနေ Japan နဲ့ကျောင်းပြီးထားတာ "

လွန်ခဲ့တဲ့ညနေက မေမေပြောခဲ့တဲ့ စကားတွေကို ထူးထက်ခေါင် နားထဲ ထပ်ခါတလဲလဲ ကြားယောင်လာသည်။ တကယ်ဆို သူ အခုအချိန်မှာ မိန်းမ မယူချင်သေး

" STAR Construction Group " ရဲ့ CEO လည်းဖြစ်ကာ သူဟာ အခုအချိန်မှာ စီးပွားရေးလောကရဲ့ အသက် အငယ်ဆုံးသူဌေးလေးအဖြစ် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလှတာမို့ ဒီအောင်မြင်မှုတွေကို အခုအချိန်မှာတော့အိမ်ထောင်ပြုခြင်းနဲ့ မလဲနိုင်သေး။ သို့သော်ငြားလည်း ဖခင်ဦးသတိုးခေါင်ရဲ့ အမိန့်ဟာ အာဏာပြင်းလွန်းတာမို့ သူ လုံး၀ မလွန်ဆန်နိုင်သောကြောင့်သာ မိန်းမယူဖို့ ကိစ္စကို လက်ခံလိုက်ရတာဖြစ်သည်။ဒါတောင် အရင်စေ့စစပ်ထားပြီး ခြောက်လလောက် အနီးကပ် လေ့လာပါရစေဟု သူ့ဘက်ကတပ်ကူအနေနဲ့ အမေက တောင်းဆိုပေးထားသောကြောင့်သာ အသက်ရှူချောင်နေခြင်းပင်။

စီးပွားရေးလောကရဲ့ဘုရင်တစ်ပါးဟုတောင် ခေါ်လို့ရတဲ့ သူ့အဖေ ဦးသတိုးခေါင်ဟာနေရာတော်တော် များများမှာ ရှယ်ယာတွေပိုင်ကာ စီးပွားရေးလောကရဲ့ ထိပ်တန်းCompany တွေဟာ ဦးသတိုးခေါင်နဲ့လွတ်ကင်းသည်မှာ မရှိသလောက် နီးပါးပင်...။

သူ့အသက် ၂၂ နှစ်လောက်မှာ မန္တလေး TU ကနေ BE ( Civil ) နဲ့ကျောင်းပြီးချိန်ကတည်းက စီးပွားရေးလောကထဲကို ခြေစုံပြစ်၀င်လာခဲ့တာ ဖြစ်သည်။ အခု သူ့အသက် ၂၅ နှစ်ကျော်မှာတော့အောင်မြင်ထင်ရှားတဲ့ အသက်အငယ်ဆုံး CEO တစ်ယောက် အဖြစ် ရပ်တည်နိုင်လေပြီ။ အချိန်တိုအတွင်းအောင်မြင်လာတာဟာ အဖေ့ရဲ့ အရှိန်အဝါနဲ့မကင်းသော်လည်း ဒီ " STAR Construction Group " ကိုတော့သူရဲ့ကြိုးစားအားထုတ်မှုတွေနဲ့အချိန်တိုအတွင်း တည်ထောင်နိုင်ခဲ့တာကိုတော့ လိပ်ပြာလုံလုံနဲ့ပြောရဲပါသည်။

" ဒေါက်....ဒေါက် "

တံခါးခေါက်သံ တိုးတိုးနဲ့အတူ .......

" မေမေ ၀င်ခဲ့မယ်‌နော် သား "

ဟုပြောလာတဲ့ မိခင်ဖြစ်သူဒေါ်ခိုင်သဇင်ရဲ့ အသံကြောင့် လွင့်ပျံ့နေတဲ့ ထူးထက်ခေါင် အတွေးစတို့ ရပ်သွားရသည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now