Part - 21

10.1K 870 103
                                    

The Dimple on his cheek

Unicode

"ခင်ဗျား လူမှားနေပြီ ကျွန်တော်က ခင်ဗျား
ပြောနေတဲ့ ညီ... မဟုတ်ဘူး"

သူ့အပေါ်ကို အုပ်မိုးထားတဲ့ ကျွန်တော့် ခန္ဓာ
ကိုယ်အား ခပ်ကြမ်းကြမ်းတွန်းထုတ်လိုက်ပြီး
အပြင်ကိုပြေးထွက်သွားတဲ့ ညီ့အားမမှိတ်မသုန်
ကြည့်နေမိသည်။

ကျွန်တော့်အပေါ် ခါးခါးသီးသီးကြည့်တဲ့ ညီ့
အကြည့်တွေက စိမ်းကားလိုက်တာ ။

ကျွန်တော့်ကို အမြဲ Bro လို့ မြတ်မြတ်နိုးနိုးခေါ်
ခဲ့တဲ့ ........ညီ

ရယ်လိုက်တိုင်း ပါးချိူင့်လေးနှစ်ခု ထင်းထွက်
နေတဲ့ သူ့မျက်နှာကလေးပြဖို့ နှမြောတတ်တဲ့ ညီ

လက်ချောင်းသွယ်သွယ်လေးတွေနဲ့ အနုပညာ
ဆန်လွန်းတဲ့ အဆောက်အဦး Design တွေ
အမြဲဆွဲနေတတ်တဲ့ ပါရမီအပြည့်နဲ့......ညီ

ကျွန်တော့်ရဲ့ ပန်းရောင်ကြိုက်တဲ့ ညီဟာ
ကျွန်တော့်မျက်စိရှေ့မှာ ရှိနေတဲ့ ထိုကောင်လေး
မဟုတ်ဘူးတဲ့လား။

ဟင့်အင်း ကျွန်တော်မယုံပါဘူး။ တောင်ကြီးမှာ
တုန်းက ညီရဲ့ Bro လို့ခေါ်သံတိုးတိုးလေးကို
ကျွန်တော့် နားနဲ့ဆတ်ဆတ်ကြားခဲ့ရတာ။

အဲတာတောင် ညီက ကျွန်တော့်ကို ငြင်းချင်သေး
တယ်တဲ့လား ။

ထူးထက်ခေါင်သည် ဘေစင်ကို လက်ထောက်
ထားရင်း အင်အားမရှိပုံမျိူးနှင့် ခေါင်းငိုက်စိုက်
ကျနေသည်။

ညီဆီက တစ်စုံတစ်ခုမကြားရမချင်း ညီ့အပေါ်
မှာ ရှိနေတဲ့ ကျွန်တော့် ခံစားချက်တွေကို
အဖြေထုတ်လို့ မရမချင်း ကျွန်တော်မြတ်နိုးကို
စိတ်သန့်သန့်နဲ့လက်ထပ်ယူနိုင်မယ်မထင်။

" တီ..... တီ..... တီ... "

ဘေစင်မှာလက်ထောက်ပြီး မှင်သေသေနဲ့ရပ်
နေမိတာ ဘယ်လောက်တောင်ကြာသွားသလဲမသိ။အင်္ကျီ အိတ်ကပ်ထဲက ဖုန်းသံမြည်တာကြောင့် Contact ကို ကြည့်လိုက်မိတော့ မြတ်နိုးဆီက..။

" ဟယ်လို "

"ရှင် မလာသေးဘူးလား... အရမ်းကြာနေပြီ
ကျွန်မ အိမ်ပြန်ချင်နေပြီ "

The Dimple On His Cheek ( Completed ) Z+UWo Geschichten leben. Entdecke jetzt