Unicode
ရှင်းလေးနဲ့အတူတူ ကလောသွားရတော့မယ်ဆိုကတည်းက ချမ်းမြေ့တစ်ကိုယ်လုံးမြောက်ကြွမြောက်ကြွ ဖြစ်နေလေသည်။ အခုလည်းကြည့် သီချင်းလေး တအေးအေးညည်းရင်း ခရီးဆောင်အိတ်
အကြီးကြီးထဲကို အဝတ်တွေ တစ်ထည်ချင်းစီထည့်နေသည့် မျက်နှာပိုးက သိန်းတစ်သောင်းထီပေါက် တာထက်ပင် မြူးနေသေးသည်။" အကျီတွေတော့ စုံပြီ.....ဘာလိုသေးလဲ အင်း Sunblock ထည့်ရဦးမယ် ပြီးတော့ ရှင်းလေး စားဖို့ ဝယ်ထားတဲ့မုန့်တွေ..... "
ချမ်းမြေ့ ပါးစပ်ကလည်းပြောရင်း ဦးနှောက်ကလည်းလိုအပ်တဲ့ပစ္စည်းတွေတစ်ခုမှ မေ့မကျန်အောင် ဆက်တိုက်သတိပေးနေရသည်။
ကိုယ်တော်ချောလေးက ဗိုက်ဆာရင်စိတ်တိုတတ်တာမို့ သူကြိုက်တတ်တဲ့မုန့်တွေ မနေ့ကတည်းက Ocean မှာ တကူးတကဝယ်ထားရတာပင်။ ပဲနို့တွေ၊ ဘီစကစ်ထုတ်, ဝေဖာထုတ်တွေ၊ ကားမူးလျှင်စားဖို့ ရှောက်သီးဆေးပြား၊ ပီကယ်ကအစ ရှင်းလေး ကြိုက်တတ်တဲ့ စားနေကျမုန့်တွေတစ်ခုမှ မေ့ကျန်သည်ဟူ၍ မရှိစေရ ။
ခရီးဆောင်အိတ်အကြီးကြီးရယ် ဖိနပ်ထည့်ထားတဲ့ဘူးတွေရယ် လူပေါက်သတ်လို့ရတဲ့ မုန့်တွေ တသီကြီးထည့်ထားတဲ့ အိတ်အကြီးကြီးကိုသယ်ပြီးလှေကားကနေတစ်ထစ်ချင်း ဆင်းလာတဲ့သူ့ကိုမြင်သည့် မေမေပင် မနေနိုင်တော့။
"ကိုချမ်းရယ် ခရီးလေး တစ်ပတ်လောက်ထွက်မှာ အိမ်ပြောင်းမှာကြနေတာပဲ ပစ္စည်းတွေကလည်း ကြည့်ပါဦး ..ဖိနပ်တွေကို မလိုအပ်ရင်ထားခဲ့လေ တစ်ရံလောက်ယူသွားရင်တော်ပေါ့ "
" အာ......မေမေကလည်း ကျွန်တော်က ဖိနပ်ရူးမှန်းသိရက်သားနဲ့သွားရမှာ တစ်ပတ်တောင်ကို ဖိနပ်
တွေသယ်ရတာ အဲလောက်လည်း အပန်းမကြီးပါဘူး""အေးပါ အေးပါ ခုခေတ်ကလေးတွေလည်း မလွယ်ပါဘူး ကားကို ဖြေးဖြေးမောင်းနော် ကိုချမ်း ရှင်းလေးကိုလည်း သေချာဂရုစိုက်လိုက်ဦး "
" အင်းပါ...... "
မတော်ရသေးတဲ့ သမက်လောင်းကို ပိုစိတ်ပူနေတဲ့ မေမေ့ပါးကို သူတစ်ချက်နမ်းလိုက်တော့ မေမေက ပြုံးသည်။
BINABASA MO ANG
The Dimple On His Cheek ( Completed ) Z+U
Poetryယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပိုင်