Part - 15 ( Trio)

10.6K 895 50
                                    

Unicode

"အလှူ့ရှင် ဦးထူးထက်ခေါင် ကျန်းမာပါစေ
ချမ်းသာပါစေ အသက်ရာကျော် ရှည်ပါစေ "

မိဘမဲ့ကလေးကျောင်းက ကလေးလေးတွေရဲ့
ဆုတောင်းသံတွေသည် စိတ်အစဉ်တစ်ခုလုံး
အေးငြိမ်းသွားစေသည်။

ကလေးတွေက မနက်စာထမင်းပန်းကန်လေး
တွေ ကိုယ်စီကိုင်ကာ အလှူ့ရှင်ကို ဆုတောင်း
ပေးပြီးနောက် ကိုယ့်နေရာလေးမှာကို စနစ်
တကျထိုင်ကာ စတင်ပြီး စားကြသည်။

ထူးထက်ခေါင်နဲ့ရှင်းလေးက ထမင်းနဲ့ကြက်သား
ဟင်းလေးကိုပင် အားရပါးရစားနေသောကလေး
တွေကို ကြည့်ကာ ပီတိတွေ ဖြာဝေနေသည်။

အဲဒီနောက် မိဘမဲ့ကလေးတွေကို ကြင်ကြင်
နာနာနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးထားတဲ့
ကျောင်းထိုင်ဆရာတော်ကို ဆွမ်းကပ်ပြီး
ဆန်ဆီဆားတွေ စုံစုံလင်လင် လှူဖြစ်သည်။

ကလေးတွေ စားဝတ်နေရေးအတွက် တစ်ထောင့်
တစ်နေရာက ကူညီခွင့်ရတာကိုပဲ သူကျေနပ်မိ
သည်။

သူ့ အကျင့်က မွေးနေ့တိုင်း ဘိုးဘွားရိပ်သာ
ဒါမှမဟုတ် မိဘမဲ့ကလေးကျောင်း တစ်ခုခုမှာ
အမြဲလာလှူနေကျဖြစ်သည်။ မွေးနေ့ကို ပါတီ
တွေပေး ပျော်ပွဲရွှင်ပွဲတွေ လုပ်နေတာထက်
စာလျှင် ဒီလို ဘဝကြီးတစ်ခုလုံးကို ကြံ့ကြံ့ခိုင်
ရင်ဆိုင်နိုင်ဖို့် လူလားမမြောက်သေးတဲ့ကလေး
တွေကို လှူဒါန်းရတာက ပို၍ အဓိပ္ပာယ်ရှိသည်
ဟု ထင်သည်။

"ဘော့စ် ကလေးတွေကို ဝေဖို့ စာအုပ်တွေ
ဘောပင်တွေ မုန့်တွေ အဆင်သင့်ဖြစ်ပြီ "

ကလေးတွေ ထမင်းစားနေတာကို ကြည်နူးစွာ
ငေးကြည့်နေရာမှ သူ့ရဲ့အတွင်းရေးမှူးသော်တာ
က နားရွက်နားလေးကပ်ပြီး ပြောလိုက်တာမို့
ထူးထက်ခေါင် ခေါင်းငြိမ့်ပြလိုက်သည်။

" အိုကေ ကိုယ်တို့ လာခဲ့လိုက််မယ် "

သော်တာ့ကို ခပ်တိုးတိုးပြောလိုက်ပြီး မလှမ်း
မကမ်းမှာ ရပ်နေတဲ့ ရွှန်းမြတ်နိးပိုင်ကို ထူးထက်
ခေါင်က လှမ်းကြည့်လိုက်သည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now