Part - 29

8.2K 706 100
                                    

The dimple on his cheek

Unicode

"Boss လူတစ်ယောက်က Boss နဲ့တွေ့ချင်လို့တဲ့ အထဲလွှတ်လိုက်ရမလား "

အတွင်းရေးမှူးက သူ့အခန်းအပြင်ကနေ ဖုန်းဆက်ပြောလာ၍ ထူးထက်ခေါင်က ချက်ချင်းဆိုသလို နံဘေးရှိ CCTV ကင်မရာကို လှမ်းကြည့်လိုက်သည်။

Reception မှာ ရပ်နေသူက လျှာထိုးဦးထုပ်ခပ်
ငိုက်ငိုက်ဆောင်းထားပြီး ထိုဦးထုတ်အပေါ်ကနေ ခေါင်းစွပ် Hoodie အမဲပွပွကြီးစွပ်ထားတာမို့ မည်သူမှန်းတော့ သဲကွဲစွာမမြင်ရ။ ပုခုံး၌လည်း ကျောပိုးအိတ်အနက်ရောင်တစ်လုံးကိုခပ်လျောလျောလွယ်ထားသေးတာမို့ သေချာပေါက် လုပ်
ငန်းကိစ္စနဲ့ လာသည့်သူတော့ ဖြစ်ဟန်မတူ ။

နေပါဦး ဒီနေ့ Appointment ယူထားတဲ့လူ
လည်း မရှိပါဘူး။

"Boss တစ်ခုခူ ဖြေပါဦး ဝင်လာခိုင်းရမှာလားပြန်လွှတ်လိုက်ရမှာလား "

အတွင်းရေးမှူးရဲ့အမေးကို မဖြေခင် CCTV ကိုမော့ကြည့်လာသော မျက်ဝန်းတစ်စုံ ။တစ်ခါကယSushi ဆိုင်မှာ ညီနဲ့အတူရှိနေတုန်း သူ့ကိုအငွေ့
ထွက်လုမတတ် မီးတောက်နေတဲ့ မျက်ဝန်းတွေနဲ့ဝါးစားတော့မလို စိုက်ကြည့်ခဲ့သောတစ်ယောက်။

ဒါနဲ့ နေပါဦး သူက ဘာအကြောင်းကြောင်းနဲ့ သူ့ Company လာရှာဖို့အထိ အတင့်ရဲရတာလဲ?

" အထဲလွှတ်လိုက်တော့ "

ထူးထူးခြားခြား စိတ်ဝင်သွားမိကာ သူ့ကိုလာရှာရတဲ့အကြောင်းရင်းကို သိချင်သွားတာအမို့ အတွင်းရေးမှူးကို မီးစိမ်းပြလိုက်တော့ ချက်ချင်းဆိုသလိုခုနက CCTV ထဲ ရှိနေခဲ့သော ကောင်လေးက သူ့မျက်စိရှေ့ ရောက်လာလေသည်။

"ဆိုပါဦး မင်းနဲ့ငါနဲ့လည်းမသိပဲနဲ့ဘယ်လို
အကြောင်းကြောင့် ငါ့ဆီရောက်လာတာလဲ "

ဆုံလည်ခုံကိုနောက်မှီထိုင်ရင်း မေးစေ့ရှိ ခပ်ရေးရေးပေါက်နေသော ပါးသိုင်းမွှေးတစ်ချို့ကိုလက်နဲ့ ဟန်ပါပါပွတ်ကာ ထူးထက်ခေါင်က မေးလိုက်လေသည်ကို ချမ်းမြေ့က ခွန်းတုံ့ပြန်ခြင်း အလျဉ်းမရှိပဲ ထူးထက်ခေါင်ကို ငေးစိုက်ကြည့်၍သာနေရာ၌ ထုံပေပေရပ်နေပေသည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now