The dimple on his cheek
Unicode
မန္တလေးတိုင်း တံတာဦးမြို့နယ်အတွင်းမှာတည်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ တံတာဦးလေဆိပ်တွင်တီရှပ်အဝါရောင်ကို Mini Skirt အတိုလေးနဲ့တွဲဝတ်ပြီး ဆံပင်ကို ပိုနီတေးပုံစံ မြှောက်စီးထားတဲ့ မိန်းကလေးတစ်ယောက်ရပ်နေသည်။
ထိုမိန်းကလေး၏ဘေးပတ်လည်တွင်တော့ မတူညီတဲ့ ပုံစံသုံးမျိူးနဲ့ကောင်လေးသုံးယောက်ရပ်နေကြသည်။
"ရွှန်းရွှန်း ရန်ကုန်ရောက်ရင် ဖုန်းဆက်ဦးနော် "
ထိုကောင်လေးသုံးယောက်ထဲမှ အရပ်အနေတော်လောက်ရှိသော ဆံပင်ဖွာဖွာ အသားဖြူဖြူနဲ့ ကောင်လေးက စပြောလိုက်သည်။
"အင်းပါ ငါ့ကိုစိတ်မပူနဲ့ ကိုယ့်ဘာသာပဲစိတ်ပူ... ဟူး စိတ်တော့မကောင်းဘူး ဒုတိယတစ်ကြိမ်အိမ်ကထွက်ပြေးတာဆိုတော့ မေမေတို့ တီလေးတို့တော့ သွေးတိုးနေတော့မှာပဲ "
"စိတ်မပူနဲ့ နင်သာ ဂရုစိုက် ဒေါ်လေးတို့ကို ငါကြည့်ထားပေးမယ်"
"ပြီးရော... ပြီးတော့ ရှင်းကိုရောပဲ ဟိုလူကြီး ကျွန်မမောင်ကို သေချာဂရုစိုက်နော် သတင်းတစ်ခုခုကြားတာနဲ့ ဂျပန်ကနေတန်းပြန်လာမှာ ပြီးတော့ ရန်ကုန်မှာတည်းဖို့ ဟိုတယ်ကိစ္စရော တိုကျိူအထိလေယာဉ်လက်မှတ်ဖြတ်ပေးတာတွေအတွက်ရော ကျေးဇူးတင်တယ် "
ရွှန်းရွှန်းက ချမ်းမြေ့အား ပြောရင်း ထူးထက်ခေါင်ဘက်ကိုပါ လှည့်ကာ အမိန့်ပေးသလို ခပ်ဆတ်ဆတ်လေးပြောလိုက်သည်။
မန္တလေးကနေရန်ကုန် ၊ ရန်ကုန် မင်္ဂလာဒုံ
လေဆိပ်ကနေမှ ဂျပန်ကိုတဆင့်သွားမှာမို့
ထူးထက်ခေါင်က ရွှန်းရွှန်းရဲ့ခရီးစဉ်အစအဆုံးအတွက် တာဝန်ယူပေးထားတာဖြစ်သည် ။သို့သော်လည်း ရွှန်းရွှန်းအတွက်က မောင်တစ်ယောက်လုံးထိုးပေးထားရတာရော၊အိမ်က လူကြီးတွေအမြင်မှာ ယောကျ်ားမယူချင်လို့ နှစ်ခါတိတိထွက်ပြေးတဲ့ သမီးမိုက်ရောအဖြစ်ခံထားရတာမို့ ကျေးဇူးတင်သော်ငြား မာန်လေးနဲနဲတော့ကျန်ချင်သေးသည်။
YOU ARE READING
The Dimple On His Cheek ( Completed ) Z+U
Poetryယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပိုင်