Part - 10

10.6K 1K 60
                                    

Unicode

ရွှန်းမြတ်နိုးပိုင်တို့ အိမ်ရှေ့အရောက်မှာ ထူးထက် ခေါင်တစ်ယောက် ကားကို ထိုးရပ်လိုက်သည်။

မေမေဟာ အိမ်က ကားဒါရိုင်ဘာ ဦးမောင်ကို ပို့ခိုင်းလို့ ရရက်သားနဲ့ ဘယ်နှယ့်ကြောင့် အလုပ်သွားရတော့မည့် သားဖြစ်သူကို တကူးတက ပို့စေချင်နေမှန်းလည်းမသိ။

"သားပဲသွားပို့လိုက်ပါ အဲတာမှ မေမေ့ချွေးမလေးနဲ့သားနဲ့ မြန်မြန်နီးစပ်မှာ "

မေမေ့ရဲ့အကြောင်းပြချက်က ထိုမျှသာ။မတော်ရသေးတဲ့ ချွေးမလောင်းကို အသဲအသန်ချစ်ပြနေတဲ့ မေမေဟာ သားဖြစ်သူက Construction တစ်ခုရဲ့ လူတိုင်းလေးစားအားကျ ရတဲ့ စံပြပုပ္ဂိုလ်CEO တစ်ယောက်ဆိုတာ မေ့တောင်နေသလား မသိပါ ။

"ဟယ်.... အားနာစရာ သားရယ် အလုပ်မအားတဲ့ကြားက ကိုယ်တိုင်လာပို့ရတာ မမသဇင်နဲ့ ခုပဲ ဖုန်းပြောပြီးတာ သားကိုယ်တိုင်နို့စိမ်းခေါက်ဆွဲလာပို့မယ်ဆိုလို့ အန်တီဖြင့် အားနာနေတာ "

ရွှန်းမြတ်နိုးပိုင်ရဲ့ အမေ အန်တီ ရတီက ပျာပျာသလဲထွက်လာရင်း သူ့လက်ထဲက ငါးဆင့်ချိူင့်ကို လှမ်းယူလိုက်တာမို့ သူပြုံးရုံသာ ပြုံးပြလိုက်သည်။ထို့နောက် အန်တီရတီကပင်

" သား ဧည့်ခန်းထဲ ကော်ဖီသောက်ရင်း စောင့်ပါဦးအန်တီ ချိူင့်လေးလဲပေးချင်လို့ "

"ဟုတ်ကဲ့...အန်တီရတီ "

ငြင်းမယ့်ဟန်ပြင်ပြီးမှ မကောင်းတတ်၍
ကျွန်တော်ဧည့်ခန်းထဲဝင်ထိုင်လိုက်သည်။ အနဲဆုံးတော့ ယောက္ခမလောင်းကို ကျွန်တော် လေးစားသင့်သည်မလား။

အန်တီရတီ နောက်ဖေး မီးခိုခန်းထဲဝင်သွားမှ ကျွန်တော် သက်ပြင်းဖွဖွ ချမိသွားသည်။ အရာရာတိုင်းမှာ ပတ်ဝန်းကျင်ကို အရင်စူးစမ်းလေ့လာတတ်တဲ့ ကျွန်တော့်အကျင့်အရ တစ်အိမ်လုံးခြုံငုံကြည့်လိုက်ရင်းမှ မျက်ဝန်းအကြည့်တွေက ပုံတစ်ပုံအရောက်မှာ တုန့်ခနဲ ရပ်သွားမိသည်။

ကျွန်တော်မြင်လိုက်ရတာက မိသားစုလိုက်ရိုက်ထားတဲ့ ပုံတစ်ပုံထက်မပို။ ထူးခြားတာက ဦးခန့်နဲ့ အန်တီရတီတို့ အလယ်မှာရပ်နေတဲ့ ဘွဲ့ဝတ်စုံနဲ့ ပါးချိူင့်
ခွက်လေးထင်းနေအောင် ပြုံးရယ်နေတဲ့ကောင်လေးနဲ့ဘေးဘက်အစွန်းမှာတော့ ကျွန်တော့်ရဲ့သတိုးသမီးလောင်း ရွှန်းမြတ်နိုးပိုင်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now