သီချင်းသံသဲ့သဲ့လေး ဖွင့်ထားသော ကော်ဖီဆိုင်၏ ထောင့်တစ်နေရာမှ စုံတွဲတစ်တွဲ ထိုင်နေလေသည်..။ နှစ်ယောက်စလုံး ဘာစကားမှမပြောကြသေးပဲ ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကိုချည်းကြည့်နေကြ၏..။
"ကိုကို..''
ဂျောင်ဟီး ၏ ခေါ်သံကြောင့် သူ သူမဆီသို့အကြည့်ရောက်သွား၏..။သို့သော် ဘာစကားမှမပြောပဲ စိုက်လို့သာကြည့်နေသည်..။
"ကိုကိုလည်း သိပြီးသားဖြစ်မှာပါ..ဂျောင်ဟီး မှာ ကိုကို့ ထက်ချစ်ရမဲ့သူရှိနေပြီ..သူက ကိုကို့ထက်လည်း ချမ်းသာတယ်လေ ဂျောင်ဟီးကိုပြည့်ပြည့်စုံစုံထားနိုင်မယ်လို့ ယုံကြည်တယ်..ဂျောင်ဟီး ကိုကိုနဲ့ မတွဲချင်တော့ဘူး..''
သိနေတယ်...မင်းဒီလိုပြောမယ်ဆိုတာ ငါနဲ့တွဲထဲက နောက်တစ်ကောင်ကိုတိတ်တိတ်ပုန်းထားနေတာ ငါမသိဘူးထင်နေလား..ဟမ်..! မင်းကိုချစ်ခဲ့တာ ငါနောင်တရတယ်..ငွေမက်တဲ့မိန်းမ.. !
လို့ပြောချင်ပေမယ့်လည်း ပါးစပ်ထဲကထွက်လာတာကတော့ တစ်ခြားစီ..
"အင်း...ဒါဆိုလည်း လမ်းခွဲကြရအောင်..! "
သူမနှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သော ကော်ဖီဆိုင်မှ ထွက်ကာ သူနေသော ဒါနင်းရက်ကွက်မှာရှိတဲ့..ဒူဂျောင်း တိုက်ခန်းသို့ ပြန်လာခဲ့သည်။
ဟိုးအရင်က ဂျပန်လက်အောက်ရောက်တုန်းက ပိုက်ဆံရှိ ကိုရီးယားတော်တော်များများက ယခင် မိုဂျူမာ တိုက်ခန်း ယခု ဒူဂျောင်းတိုက်ခန်း လို့ခေါ်တဲ့ ကွန်ဒို တိုက်ကြီးမှာစုနေကြတယ်..။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ လူတော်တော်များများက ထိုအိမ်ခြေတွေကိုစွန့်ခွာကာ ဒါနင်းရက်ကွက်နှင့် တစ်နာရီလောက် မောင်းရသော ဆိုးလ်မြို့သို့ ပြောင်းရွေ့နေကြသည်။ ထိုအခါ ထိုအဆောက်အဦးတို့သည် အိမ်ခြေရာမဲ့ ဆင်းရဲသားအချို့အတွက် မှီခိုစရာတစ်ခုဖြစ်လာခဲ့သည်။ ထိုရက်ကွက်ရှိ အချို့သည် မနက်လင်းပြီဆိုသည်နှင့် ဆိုးလ်သို့သွားကာ အလုပ်လုပ်ကြသည်။ ညနေရောက်သည်နှင့် တစ်ပြိုင်နက် ဆိုးလ်မြို့နှင့် ဒါနင်းရက်ကွက်သို့ သွားသော တစ်ခုတည်းသော busကားထဲတွင် တွန်းထိုး၍ ပြန်လာကြသည်။
YOU ARE READING
𝑪𝒉𝒂𝒏𝒄𝒆 𝒕𝒐 𝑳𝒐𝒗𝒆 // 𝒌𝒕𝒉:𝒑𝒋𝒎 ✅
Fanfictionချစ်ဖို့ကြောက်တာမဟုတ်ဘူး...နောက်တစ်ကြိမ်လူမှားပြီးချစ်မိမှာကို ကြောက်တာ...။ ချစ်ဖို့ကြောက်တာမဟုတ်ဘူး...နောက်တစ်ကြိမ်လူမှားပြီးချစ်မိမှာကို ကြောက်တာ...။ Vmin.