Zaw Gyi
7
နိုးနေသော်လည်း အိပ်ယာ မှ မထသေးပဲ ဟိုလှိမ့်ဒီလှိမ့် ကာ ခေါင်းအုံးကို ထုလိုက် စောင်ကို ကန်ချလိုက် လုပ်နေသော Jiminကို ဆိုယွန်း အခန်းတံခါးဖွင့်တော့ တွေ့လိုက်ရသည်။
Jiminလည်း ကိုယ့်အာရုံနှင့်ကိုယ် မို့ ဆိုယွန်းကို တွေတော့ လန့်သွားကာ
"ကွတ်သွတ်...လန့်လိုက်တာ ''
ထိုအခါမှ ရပ်ကြည့်နေတဲ့ ဆိုယွန်းက ပြုံးကာ
"သခင်လေး..ဘာတွေပျော်နေတာလဲဟင် အဖျားကျသွားပြီလား
ဆရာဝန် ခေါ်ပေးရဦးမလား ''ထိုအခါမှ Jiminက ရုပ်ကိုတည်လိုက်ပြီး
"ရတယ်..ကျနော် နေပြန်ကောင်းသွားပြီ မနက်စာပြင်ထားပါ ကျနော် လာခဲ့မယ် ''
"ဟုတ်ကဲ့...သခင်လေး''
ဆိုယွန်းက ပြောကာ အခန်းပြင်ထွက်သွားသည်။ Jiminလည်း ဆိုယွန်းထွက်သွားတော့ ပြုံးစိစိဖြင့်ပင် ဘေးနားရှိ စောင်ကို လက်ဖြင့်ထုရိုက်လိုက်ပြီး ရေချိုးခန်းထဲဝင်သွားသည်။
Jimin အောက်ထပ်ဆင်းလာတော့ အသင့်ပြင်ထားတဲ့ မနက်စာ စားပွဲဝိုင်းထဲဝင်ထိုင်လိုက်သည်။ ရှည်လျားသော စားပွဲဝိုင်းတွင် သူတစ်ယောက်တည်းထိုင်ကာ ဘေးနားတွင် အစေခံ သုံးဦးက မတ်တပ်ရပ်နေသည်။
ဆိုယွန်းက Jiminသောက်ရန်အတွက် နွားနို့အိုးယူလာကာ ခွက်ထဲ ထည့်ပေးရန်ပြင်သည်။
"နေ...နေ ရတယ် ကျနော့်ဘာသာ လုပ်မယ်''
Jimin က မိမိစားရန်အတွက် ထိုသို့ လိုလေသေးမရှိ သေးသေးလေးကအစ လုပ်ပေးသည်ကိုမနှစ်သက်ချေ။ ထို့ကြောင့် ဆိုယွန်းလက်ထဲမှ နွားနို့ခွက်ကို ယူကာ ခွက်ထဲငဲ့ထည့်နေသည်။
ဂျလောက်..
တံခါးဖွင့်သံနှင့်အတူ အခန်းထဲဝင်လာသော Taehyung..လက်ထဲတွင် ပေါက်တူးတစ်လက်ဖြင့် ထမင်းစားပွဲဝိုင်းမှ ဖြတ်သွားသည်။ Jiminနှင့် တစ်ခန မျက်လုံး ချင်းဆုံမိသော်လည်း ခပ်တည်တည်ပြန်လွှဲကာ အိမ်ရှေ့သို့ လျှောက်သွားသော Taehyungကို Jimin အကြာကြီး စိုက်ကြည့်နေမိသည်။
YOU ARE READING
𝑪𝒉𝒂𝒏𝒄𝒆 𝒕𝒐 𝑳𝒐𝒗𝒆 // 𝒌𝒕𝒉:𝒑𝒋𝒎 ✅
Fanfictionချစ်ဖို့ကြောက်တာမဟုတ်ဘူး...နောက်တစ်ကြိမ်လူမှားပြီးချစ်မိမှာကို ကြောက်တာ...။ ချစ်ဖို့ကြောက်တာမဟုတ်ဘူး...နောက်တစ်ကြိမ်လူမှားပြီးချစ်မိမှာကို ကြောက်တာ...။ Vmin.