From Seoul To Daegu

1.8K 310 21
                                    

Zaw Gyi

12

"ဟယ်လို...ကလေး"

"Hyung! !!"sob sob

"ကလေး...ငိုနေတာလား..ဟုတ်လား"

"မဟုတ်....မဟုတ်ပါဘူး Hyung ရဲ့ ဖုန်းလိုင်းမကောင်းလို့ပါ"

ချစ်ခြင်းဖြင့်လိမ်ညာမှု တစ်ခု

"ဟုတ်ပါပြီကွာ~အဆင်ပြေရဲ့လား? ကလေး မိဘတွေ ကလေးကို "

Jimin Taehyung စကားကိုဖြတ်ကာ

"ဘာမှမဖြစ်ဘူး..ကျွန်တော်အဆင်ပြေတယ်..အဖေတို့က Hyungကိုတစ်ခုခု လုပ်ထားသေးလား.."

"မလုပ်ပါဘူး ခလေးရဲ့"

"Hyung ကို ကျွန်တော်လွမ်းတယ်...အရမ်းတွေ့ချင်တယ် ''

''ကိုယ် ရောပဲ ''

''မနက်ဖန် ည ၁၀နာရီလောက် ကျွန်တော် ထွက်လာခဲ့မယ် Hyung.."

မထင်မှတ်ထားတဲ့ စကားကို Jiminဆီက ကြားလိုက်ရတာကြောင့် Taehyung အံသြသွားသည်။ သူကိုယ်တိုင်ကလည်း တွေ့ချင်နေသည်မလား..ဒါပေမယ့် ဒီလောက်တင်းကြပ်နေတဲ့ကြားက သူဘယ်လိုထွက်လာမှာလဲ စဉ်းစားလို့မရ။

''ဘယ်လို..ကလေး ''

''ကျွန်တော် ထွက်ပြေးမလို့ ''

''မိသွားရင် ကလေးကို သူတို့နှိပ်စက်ကြလိမ့်မယ် ''

''ဘာလဲ! ကျွန်တော့်ကို Hyung ဆီ မလာစေချင်တာလား "

"မဟုတ်ပါဘူးကွာ ကိုယ်က...''

''ခြေသံကြားတယ် ကျွန်တော် ဖုန်း ချလိုက်တော့မယ် မနက်ဖန် နော် "

တီတီတီတီ

ကျသွားတဲ့ ဖုန်းလေးကို Taehyung ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဘာပြောတာလဲ "

အနောက်မှ Hoseok အသံကြောင့် Taehyung လှည့်ကာ

''ဘယ်အချိန်တည်းကနားထောင်နေတာလဲ ''

''အခုမှရောက်တာပါကွာ..မင်းကလည်း ဘာပြောတာလဲလို့ ''

''ဟင်း...သူ ထွက်ပြေးမလို့တဲ့..မနက်ဖန်ည ကျ စောင့်နေပါတဲ့''

''ဟာ..ဒါသတင်းကောင်းပေါ့ကွာ မင်းမျက်နှာကဘာဖြစ်နေတာလဲ''

''ထွက်ပြေးတာတော့ ဟုတ်ပါပြီ...ပြီးရင် သူ နဲ့ ကျွန်တော်က ဘယ်မှာနေရမှာလဲတိုက်ခန်းကလည်း မြင်တဲ့အတိုင်း ''

𝑪𝒉𝒂𝒏𝒄𝒆 𝒕𝒐 𝑳𝒐𝒗𝒆 // 𝒌𝒕𝒉:𝒑𝒋𝒎 ✅Where stories live. Discover now