Zaw Gyi
10
''Park Jimin..!!''
ခေါ်သံကြောင့် Jimin ရော Taehyung ရော အိပ်နေရာမှ အတင်းကုန်းထကာ ကြည့်လိုက်တော့ သူဌေးကတော် သူဌေး နှင့်အတူ နောက်တွင် ခေါင်းငုပ်ကာ သူတို့ကို စိုးရိမ်သောအကြည့်ဖြင့် ကြည့်နေသော ဆိုယွန်း
''မေမေ ဖေဖေ..! ဘယ် ဘယ်လို ''
''ငါ ထင်ထားသလို ဖြစ်နေတာပဲ ဟင်! ! တောက်! အသုံးမကျတဲ့သား ''
သူဌေး Park ကလည်း အံကြိတ်ရင်း
''ခွေးကောင်...! ကြိုက်စရာလူရှားလား!? Kim Taehyung ဆိုတဲ့ ဘာမဟုတ်တဲ့ ကောင်နဲ့များကွာ တစ်အိပ်ယာထဲ တူတူအိပ်နေကြတယ်ပေါ့! ''
Jimin က မျက်ရည်တွေကျရင်း ခေါင်းခါနေသည်။ Taehyung ကလည်း
''မဟုတ်...မဟုတ်ပါဘူး သူဌေး နဲ့ သူဌေးကတော်!ကျနော် ရှင်းပြပါ့မယ် ''
''တောက်..!ေ_ာက်မျိုးမစစ်ကောင်! ''
သူဌေးက ပြောပြီး Taehyung ဆီသွားကာ တရစပ် ပိတ်ထိုးနေသည်။ မြေပြင်ပေါ်လဲကျသွားတော့ သူဌေးကအပေါ်မှ ဆင့်၍ ထိုးနေသည်။ Taehyung ပြန်မတုံ့ပြန်ပါ...။
Jimin က ထကာ Taehyung ပေါ်ရှိ သူဌေး Park အား ဆွဲကာ
''မလုပ် မလုပ်ပါနဲ့ ဖေဖေ...သူ့ကြောက့်မဟုတ်ပါဘူး တော်ပါတော့ ''
သူဌေးအား ဆွဲနေတဲ့ Jimin ကို သူဌေးကတော်က ကြည့်ကာ ဆိုယွန်း အား
''Jimin ကို ဆွဲခေါ်လာခဲ့! ''
''ဟုတ်..ဟုတ်ကဲ့ ''
ဆိုယွန်း နှင့် အခြား maid နှစ်ယောက်က Jimin ကို တရွတ်တိုက်ဆွဲခေါ်သွားသည်။ Jimin က ရုန်းရုင်း သူ့အဖေ ၏ ထိုးနှက်ခြင်းခံနေရတဲ့ Taehyung ကိုကြည့်ကာ
''မလုပ်ပါနဲ့....မေမေ တောင်းပန်ပါတယ် Taehyung ကိုလွှတ်ပေးပါ တောင်းပန်ပါတယ် ''
Jimin တစ်ယောက် သူ့အမေ ခြေထောက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ပြောနေသည်။
''ဘာလုပ်နေတာလဲ! ဆိုယွန်း...ခေါ်သွားလိုက်စမ်း သူ့ကို ''
''ဟုတ် ''
''မလုပ်နဲ့.... Taehyung!!''
Jimin ကို ဆွဲထုတ်သွားပြီး ခဏကြာတော့ လက်ပိုက်ပြီးကြည့်နေတဲ့ သူဌေးကတော်က Taehyung ကို ထိုးကျိတ်နေတဲ့ သူဌေး ဆီ ဖြည်းညှင်းစွာသွားကာ
YOU ARE READING
𝑪𝒉𝒂𝒏𝒄𝒆 𝒕𝒐 𝑳𝒐𝒗𝒆 // 𝒌𝒕𝒉:𝒑𝒋𝒎 ✅
Fanficချစ်ဖို့ကြောက်တာမဟုတ်ဘူး...နောက်တစ်ကြိမ်လူမှားပြီးချစ်မိမှာကို ကြောက်တာ...။ ချစ်ဖို့ကြောက်တာမဟုတ်ဘူး...နောက်တစ်ကြိမ်လူမှားပြီးချစ်မိမှာကို ကြောက်တာ...။ Vmin.