မင်း..ဘယ်သူလဲ..?

2.7K 394 10
                                    

Zaw Gyi

2

ပထမဆုံးချစ်ခဲ့တဲ့..အချစ်ဦးကတော့ သူ့ကိုစွန့်လွှတ်ခဲ့ပြီ..။ဒါဟာ..ဘာကြောင့်လည်းဆိုရင်..အဖြေကရှိပြီးသားပါ..။ ဘာလို့လဲသိလား...Kim Taehyung
မင်းက သူမလိုအပ်တာတွေကို မဖြည့်ဆည်းနိုင်လောက်တဲ့..အထိ မွဲနေလို့ပေါ့..အခုတော့ သူမလည်း အခြားသူဆီပါသွားပြီ..။

ဒီနေ့ကစပြီး..သူမနဲ့အမှတ်တရတွေ စွန့်လွှတ်လိုက်ပါ Taehyung..အချစ်ဦးနဲ့ပေါင်းဖက်နိုင်ဖို့ဆိုတာမလွယ်ဘူး..။
ဒါကြောင့် လက်ရှိအလုပ်ကိုသာ စိတ်နှစ်ပြီး မင်းကြိုးစားလိုက်စမ်းပါ..အချစ်ဆိုတာ မင်းနဲ့ကံမပါဘူးလို့ပဲခံယူလိုက်တော့

ဒီနေ့ စောစောနိုးနေကာ ရေချိုးနေရင်း တွေးနေမိ၏..။

"Shit...ရေမလာတော့ဘူး ''

ပိတ်သွားသော ရေပန်းကို ဆပ်ပြာတွေပေနေသော မျက်နှာဖြင့် စမ်းကာ ပြောလိုက်သည်။

သူ ဆပ်ပြာပေနေသော ခန္ဓာကိုယ်ကို အဝတ်ဝတ်လျက်ပင် စုတ်ပဲ့နေသော ကွန်ဒို အောက်သို့ဆင်းလာကာ..အများသုံးရေကန်သို့သွားလိုက်၏..။ အမျိုးသမီးအချို့ အဝတ်လျှော်ကာ စကားများနေကြ၏..။

"ဟဲ့...တို့တော့ ဘုံပျောက်တော့မယ်နဲ့တူတယ် အေ..စည်ပင်ကတို့တိုက်ခန်းတွေကိုဖျက်ပြီး စက်ရုံထောင်မလို့တဲ့..''

"ဟုတ်လို့လား...နင်ဘယ်ကကြားတာလဲ..?''

"မသိဘူး..ကျုပ် ယောကျာ်း ပြောတာ ''

"နင့်လင်က အချိန်တိုင်းမူးနေတဲ့ဟာကို..အမူးသမားစကားယုံရလား''

"တော်..စမ်း..ကျုပ်ယုံတယ် ဟင်း''

Taehyungလည်း..သူတို့ပြောတာကိုကြားနေရသော်လည်း ဂရုမစိုက်ပဲ ရေချိုးနေသည်။

"Taehyung..နင် သူဌေးအိမ်မှာအလုပ်ရတယ်ဆို ဟုတ်လား..?''

ရပ်ကွက်အတွင်း..စပ်စပ်စုစု ဟိုပေါက်ဒီပေါက် နှုတ်ကြမ်းသည့်နေရာတွင်နမည်ကြီးသော အဒေါ်ကြီး ဒူဘုံး ကပြောလာ၏..။

"ဟုတ်တယ်..''

သူလည်းရေချိုးပြီးလို့..သဘက်ဖြင့်ကိုယ်ကိုသုတ်နေရင်းဖြေ၏..။

𝑪𝒉𝒂𝒏𝒄𝒆 𝒕𝒐 𝑳𝒐𝒗𝒆 // 𝒌𝒕𝒉:𝒑𝒋𝒎 ✅Where stories live. Discover now