Zaw Gyi
11
အိပ်မပျော်တဲ့ညတွေ များလှပြီ...သတိရတဲ့ စိတ်တွေလည်း မရေတွက်နိုင်တော့ဘူး ။ မျက်နှာလေးများမြင်ရမလားဟု အတွေးနှင့် ကလေးအိမ်သို့ တိတ်တိတ်လေး သွားခဲ့ဖူးသည်။
ခြံထဲတွင် ဘယ်တုန်းကခန့်ထားမှန်းမသိတဲ့ လူနှစ်ယောက် round လှည့်နေသည်ကိုတွေ့ရသည်။ အမှောင်ကျတဲ့နေရာမှာ တစ်ညလုံးရပ်ပြီး ကလေးများ ထွက်လာမလားဟူ သော အတွေးနှင့် ပြတင်းပေါက်ကို အကြာကြီး စောင့်ကြည့်ခဲ့ဖူးသည်။မင်းဘယ်လိုနေမလဲ ကိုယ်သိချင်တယ်..မင်းမျက်နှာလေးကို တွေ့ချင်တယ် အရမ်းလွမ်းတယ်
__________
Park အိမ်တော်မှ အလုပ်ထွက်ပြီး ရှစ်ရက်မြောက်နေ့..
အခန်းထဲတွင် အရက်နာကျကာ တော်ရုံနှင့် မထနိုင်သော Taehyung တစ်ယောက် အခန်းအပြင်မှ ဆူဆူညံညံ အသံများကြောင့် အိပ်၍မရတော့ဘဲ ကုန်းထလိုက်သည်။
''ဘာတွေဖြစ်နေတာလဲကွာ Arrshiii''
Taehyung ထကာ စုပ်ဖွာနေသော ဆံပင်များကို ထိုးဖွရင်း တံခါးဖွင့်ကာ အောက်ထပ်ကိုကြည့်လိုက်တော့ မိမိတို့ရက်ကွက်မှာနေသော လူတစ်ချို့ နှငိ့ ဘယ်ကမှန်းမသိသော လူတစ်ချို့ရန်ဖြစ်နေကြသည်။ ရက်ကွက်သား အဒေါ်ကြီးအချို့ကလည်း အော်နေကြသည်။
''ခွေးကောင်တွေ...ငါတို့ကလူတွေဟဲ့ နင်တို့ဒီလိုလုပ်တော့ ငါတို့ကဘယ်မှာသွားနေရမှာလဲ?!!''
Taehyung လည်းအောက်ထပ် ဆင်းကာ ဘေးနားရှိရပ်နေသော လူတစ်ယောက်အားမေးလိုက်သည်။
"ဘာ ဖြစ်နေတာလဲ"
ထိုလူက
"ငါတို့ ရက်ကွက်ကို company တစ်ခုကဝယ်လိုက်ပြီတဲ့ အာ့တာ ငါတို့ကို လျှော်ကြေးပေးပြီး ရွေ့ခိုင်းနေတယ်...လျှော်ကြေးက လည်း နည်းလွန်းတယ်မထင်ဘူးလားကွာ~ ဝမ် ၅၀၀၀၀ တည်းနဲ့ ငါတို့ ရှင်သန်မှုကို ၅၀၀၀၀နဲ့ တန်ဖိုးဖြတ်သွားတယ်ကွာ မိုက်ရိုင်းလိုက်တာ "
"ဟင်"
Taehyung လည်း ဒေါသအနည်းငယ်ထွက်သွားသည်။ အခု သူတစ်ယောက်တည်းသာမဟုတ် ရက်ကွက်သားအားလုံး၏ အရေးပင်ဖြစ်နေလေသည်။

YOU ARE READING
𝑪𝒉𝒂𝒏𝒄𝒆 𝒕𝒐 𝑳𝒐𝒗𝒆 // 𝒌𝒕𝒉:𝒑𝒋𝒎 ✅
Fanficချစ်ဖို့ကြောက်တာမဟုတ်ဘူး...နောက်တစ်ကြိမ်လူမှားပြီးချစ်မိမှာကို ကြောက်တာ...။ ချစ်ဖို့ကြောက်တာမဟုတ်ဘူး...နောက်တစ်ကြိမ်လူမှားပြီးချစ်မိမှာကို ကြောက်တာ...။ Vmin.