1🌟

1 0 0
                                    

Parisက fashion show ကို သွားဖို့အတွက်​လေယာဉ်​ကွင်းမှာ ရောက်​​နေပြီဖြစ်​သည်​..​ ​လေယာဉ်​ထွက်​ဖို့ အချိန်​လို​သေး​လို့ ခဏ​စောင့်​​နေလိုက်​သည်​.. မန်နေဂျာကြီးက ​ပြေးလာရင်း ဘာဖြစ်​သွား​သေးလဲ​မေး​တော့ ​ကြောင်​သွားသည်​..

ဪ.. ကျွန်​​တော့်​​ဘေးနားက လူတစ်​​ယောက်​က မိန်းမတစ်​​ယောက်​ကို အတင်းဆွဲ​ခေါ်​နေတာကို​တော့​တွေ့သည်​..​ နားကြပ်​တပ်​ပြီး သီချင်းနား​ထောင်​​နေ​တော့ ဘာမှမသိလိုက်​တာဖြစ်​မည်​..

ပွဲကအပြန်​မှာ ချက်​ချင်းထွက်​လာရ​တော့ ​လေယာဉ်​​ပေါ်​ရောက်​တာနဲ့ ချက်​ချင်းအိပ်​​ပျော်​သွားသည်​.. လန့်နိုးလာ​တော့ ကျွန်​​တော့်​ကို မိန်းမတစ်​​ယောက်​က စိုက်​ကြည့်​​နေသည်​.. ရုတ်​တရက်​ဆို​တော့ ​ကြောင်​သွားသည်​.. ကိုယ်​နိုးလာ​တော့ သူ့​နေရာဖြစ်​​လောက်​မယ့်​ နောက်​ဖက်​ကို​ပြေးသွားသည်​.. 

နေဦး.. အဲ့မိန်းမက ​လေယာဉ်​ကွင်းမှာ ​တွေ့ခဲ့တဲ့ တစ်​​ယောက်မလား.. မိန်းမတစ်​​ယောက်​ဆိုတာထက်​ မိန်းက​လေးတစ်​​ယောက်​ဖြစ်​သည်​.. မိတ်​ကပ်​​တောင်​လိမ်းထားပုံ မ​ပေါ်ဘဲ နှုတ်ခမ်းနီရဲရဲ ကို​တော့ ဆိုးထားသည်​..

ပုံမှန်​​တော့မဖြစ်​နိုင်လောက်​ဘူးလို့ပဲ မှတ်​ချက်​ချကာ ပြန်​အိပ်​​နေလိုက်​သည်​..

Schedule အ​ပြောင်းအလဲ​ကြောင့်​ Fashion Show ပွဲတက်​ပြီးရင်​ ချက်​ချင်းမပြန်​လည်းရတယ်​တဲ့.. သုံးရက်​​လောက်​ ​လျှောက်​လည်​ကာ အပန်း​ဖြေဖို့ စိတ်​ကူးထားလိုက်​သည်​..

ပွဲကအပြန်​ အိပ်​မ​ပျော်​လို့ ဝရံတာဘက်​ ထွက်​​ငေးရင်း လမ်း​လျှောက်​ချင်​လာသည်​.. သန်း​ခေါင်​ယံ​ကျော်​ မနက်​၃နာရီ​လောက်​ဆို​တော့ လူ​တွေ​တော့ သိပ်​မရှိနိုင်​ပါဘူး..

Fans​တွေကလည်း ပွဲအထိ​တော့ လာSupport ​ပေးကြ​ပေမယ့်​ ဟိုတယ်​အထိ လိုက်​​နှောက်​ယှက်​တာ​တွေမလုပ်​ဘဲ စည်းကမ်းရှိကြသည်​.. မန်​​နေဂျာကြီးက ခွင့်​မပြုချင်​​ပေမယ့်​လည်း ခဏပါပဲလို့ ​ပြောပြီးထွက်​လာလိုက်​သည်​..

Fly Away Where stories live. Discover now