KL's 💌
ကောင်လေးရယ် မင်းကို ကိုယ်အမြဲတမ်း စောင့်ကြည့်နေတယ်ဆိုတာ မင်းသိရင် သိပ်ကောင်းမယ်နော်..
ကောင်လေးတို့ Tour လှည့်နေတဲ့အချိန်တုန်းကလည်း ကောင်လေးနောက်ကို လိုက်လာချင်ပေမယ့် လိုက်ခွင့်မရခဲ့ဘူး.. နေမကောင်းသေးတော့ ကိုကိုက စိတ်မချဘူးတဲ့.. Fancam တွေပဲ လိုက်ကြည့်နေရတာ အလွမ်းမပြေလိုက်တာကွာ..
ကောင်လေးတို့ ဒီကိုပြန်ရောက်တဲ့နေ့ကလည်း ကိုကိုက လေယာဉ်ကွင်းကို လိုက်မပို့လို့ စိတ်ကောက်လိုက်ရသေးတယ် သိလား..
ကောင်လေးနဲ့ အခုဆံပင်လေးနဲ့ သိပ်လိုက်တာပဲ.. အရောင်လေးကလည်း ကောင်လေးနဲ့ တအားမိုက်နေရော..
" Karlor လေးရေ.. နိုးပြီလား.. Breakfast စားမယ်နော် "
ဟော.. အန်တီလေးက လှမ်းနှိုးနေပြီ.. ဒီနေ့တော့ ဒီလောက်ပဲ ရေးထားမယ်နော်.. မျက်နှာတောင် မသစ်ရသေးဘူး.. ကြာရင် ကိုကိုက လှမ်းအော်တော့မှာ..
" အရမ်းချစ်တယ် K.Ji လေးရယ် "
K.Ji အတွက် ရေးထားတဲ့ စာအုပ်ကလေးကို နမ်းပြီး မျက်နှာအမြန်သွားသစ်လိုက်သည်..
" အန်တီလေး.. ဟိုကောင်မလေးကို မနှိုးရသေးဘူးလား "
ကိုကိုက Karlor ကို မတွေ့လို့ လှမ်းမေးနေတာဖြစ်သည်.. ထမင်းစားခန်းထဲကို Karlor အရင်မရောက်ထားရင် အခန်းထဲက မထွက်လာမချင်း တံခါးကို အဆက်မပြတ်လာခေါက်ပြီး နှိုးဦးမယ်လေ..
" လာပါပြီ.. ကိုကိုတို့ကလည်း ဇွတ်ကြီးပဲ "
Karlor အဝတ်အမြန်လဲရင်း လှမ်းအော်လိုက်သည်..
" Good morning! အန်တီလေး.. ကိုကိုရောပဲ "
Breakfast ကတော့ Karlor အတွက်က မီယောဂုနဲ့ ကိုကိုတို့အတွက် ကော်ဖီနဲ့မုန့် ဖြစ်သည်.. ကိုကိုက မနက်စာကို ထမင်းစားပေမယ့် Ahjumma မရှိတော့ ကော်ဖီနဲ့ပဲ နှစ်ပါးသွားနေရသည်..
