3🌟

1 0 0
                                    

Comeback အတွက်​ ပြင်ဆင်​​နေရပြီမို့ Member တွေကလည်း ကိုယ်​ပိုင်​ Schedule သိပ်​မရှိကြ​တော့.. ဒီတစ်​​ခေါက်​ Album မှာ ကိုယ့်​Solo song တစ်​ပုဒ်​ထည့်​မှာမို့ နှစ်​ဆပိုပင်​ပန်းသည်​.. Dance ပိုင်း​ရော Vocal ပိုင်းမှာပါ ပို​လေ့ကျင့်​ရသည်​..

Album ထွက်​​တော့လည်း Record ​တွေ အများကြီးတင်​သည်​.. Solo မှာလည်း တကယ်​အားရစရာ​ကောင်းသည်​.. ပရိသတ်​​တွေဆီက​ရော media ​တွေဆီကပါ ချီးမွမ်းခံရသည်​..

🖤

ထို​နေ့က CY Hyung နဲ့ အပြင်​ထွက်​လည်​တဲ့​နေ့.. ဟိုမိန်းက​လေးကို ပြန်​​တွေ့တဲ့​နေ့.. Hyung ကို အိမ်​လည်​​ခေါ်တဲ့​နေ့မှာပဲ အရာရာစတင်​ခဲ့တာ.. အိမ်​မှာ ညစာစားပြီး အပြန်​မှာ Hyung ကို ကဖေးဆိုင်သို့ ခေါ်သွားခဲ့သည်​..

ဆိုင်​ထဲမှာ ဧည့်​သည်​​တွေလည်း သိပ်​မရှိတာမို့ ဆိုင်​အတွင်းပိုင်းထဲ မထိုင်​ဖြစ်​ကြ.. Saturday, Sunday ​တွေမှာ ဆိုင်​ကို ၂၄နာရီ ဖွင့်​သည်​.. နည်းနည်း​တော့ ညဉ့်​နက်​ပြီမို့ လူသိပ်​မရှိ​တော့.. အပြင်​မှာပဲ လွတ်​လွတ်​လပ်​လပ်​ ထိုင်​ဖြစ်​ကြသည်​..

အချိန်​ပိုင်းလုပ်​တဲ့ ​ကောင်​​လေးနဲ့လည်း CY Hyungကိုလည်း မိတ်​ဆက်​​ပေးသည်​.. ​ကောင်​​လေးက ​ကျောင်းတစ်​ဖက်​နဲ့ အလုပ်​လုပ်​​နေရမှန်း အခုမှ သိရသည်​..

လူတစ်​​ယောက်​က အ​ရေးတကြီးပုံစံနဲ့ ဆိုင်​ထဲဝင်​လာ​တော့ ​ကောင်​​လေးက ချက်​ချင်းထပြီးသွား​မေးသည်​..

" လူ​ပျောက်​လို့လာ​မေးတာတဲ့.. အစ်​ကို မှတ်​မိလား.. ဟိုတစ်​ခါတုန်းက ​ပြောတဲ့အစ်​မ​လေ.. "

" အား.. မှတ်​မိပြီ.. ဘာဖြစ်​လို့တဲ့လဲ.. သူ့ကို လာရှာတာတဲ့လား "

" ကျွန်​​တော်​​ပြောသလိုပဲ.. ပုံမှန်​မဟုတ်​ဘူး ထင်​ပါတယ်​ အစ်​ကိုရာ.. သူပန်းချီဆွဲထားတဲ့ဖိုင်​​ပျောက်​သွားလို့တဲ့.. ဘယ်​ကိုထွက်​​ပြေးသွားမှန်းမသိလိုက်​ဘူးတဲ့.. "

CY hyung က​ ​ဘေးက​နေပဲ ကိုယ်​တို့​ပြောသမျှကို ဘာမှမ​မေးဘဲ နားပဲ​ထောင်​​နေသည်​..

" အား.. ကျွန်​​တော်​တို့ဖန်​​တွေထဲက ထူးထူးဆန်းဆန်းမို့ မှတ်​မိ​နေတာပါ.. "

Fly Away Where stories live. Discover now