ထိုမိန်းကလေးကတော့ ကိုယ့်ကိုမမြင်သေးဘူး..
" ဟေ့ ဟေ့ ကောင်လေး.. ဟိုထောင့်နားက မိန်းကလေးကို မင်းမြင်ရလား "
ဒီတစ်ခါတော့ သေချာသိရမှဖြစ်မည်.. အပြင်ထွက်တိုင်း အမြဲတမ်းမြင်နေရတော့ သိပ်မသင်္ကာဘူး.. သရဲလား လူလားတောင် သေချာမသိတော့ဘူး..
" အား.. မြင်တယ်လေ အစ်ကို.. နေ့တိုင်းနီးပါး ဒီဆိုင်ကိုလာတော့ သိနေတာ.. "
" အော်.. အေးပါကွာ.. ကြည့်ရတာ နည်းနည်းထူးဆန်းနေလို့.. သွားသွား.. လုပ်စရာရှိတာလုပ် "
အော်.. သရဲမတော့ မဟုတ်ဘူးပေါ့.. ဒီအတိုင်း တိုက်ဆိုင်တာပဲ ဖြစ်မှာပါ..
" အား ဟုတ်မယ်ထင်တယ် အစ်ကို.. သူကဒီလာတိုင်း ကော်ဖီနဲ့ ချောကလက်ကိတ်ပဲမှာတာ.. ကော်ဖီတော့ ဘယ်တော့မှမသောက်ဘူး.. အစ်ကို့ဖန်လည်းဟုတ်မယ်ထင်တယ်.. မပြန်ခင် အစ်ကို့ပုံတွေလိုက်ကြည့်မယ်.. တစ်နာရီလောက်ကြာရင် ကောင်လေးတစ်ယောက်က လာကြိုမယ်.. ဒါက သူနေ့တိုင်းလုပ်နေကျဆိုတော့ ကျွန်တော်တို့တော့ အလွတ်ရနေပြီ..ထူးဆန်းတယ်လေ ပုံစံကလည်း.. "
အော်.. ကိုယ်ပြောတဲ့ထူးဆန်းတယ်ဆိုတာက နှုတ်ခမ်းနီရဲရဲအမြဲဆိုးတာကိုပြောတာ.. စားပွဲထိုးကောင်လေးပြောမှဘဲ ထူးဆန်းတာတွေ များလိုက်တာ.. ဒီလိုထူးဆန်းတဲ့ဖန်တွေလည်း ရှိသေးတာပဲလား..
" K.Ji ဘာတွေဒီလောက်ကြာနေတာလဲ "
" အား.. အသိတစ်ယောက်နဲ့တွေ့နေလို့ပါ "
TMin နဲ့ စကားတွေအကြာကြီးပြောဖြစ်ကြသည်.. သူ့အခွေသစ်အတွက်လည်း တိုင်ပင်ကြသည်.. TMin နဲ့ စကားကောင်းနေတော့ ည၁၁နာရီလောက်မှ အိမ်ပြန်ဖြစ်ကြသည်..
မနက်ကျတော့ ကုမ္ပဏီကိုလည်း စောပြန်ရမှာမို့ Omma နဲ့ Noona တို့က ဟင်းတွေပေးလိုက်ဖို့ ချက်ပြုတ်နေကြသည်.. Appa နဲ့ စကားခဏပြောပြီးတာနဲ့ အိပ်ရာဝင်ဖြစ်သည်..
![](https://img.wattpad.com/cover/163472457-288-k974549.jpg)