7🌟

1 0 0
                                        

" မုန်းတယ်​.. အရာအားလုံးကို မုန်းတယ်​.. အရာအားလုံးက ဘာလို့ ငါ့ကိုပဲ အပြစ်​တင်​​နေရတာလဲ.. မ​နေချင်​ဘူး.. ငါ့အတွက်​ အသက်​ရှင်​ဖို့အ​ကြောင်းပြချက်​မရှိ​တော့တဲ့ ဒီဘဝကြီးမှာ ဘာလုပ်​​နေမှာလဲ.. ​တောင်းပန်​ပါတယ်​.. ငါ့ကိုလွှတ်​​ပေးပါ​တော့.. ဟင့်​အင်း.. ငါ့ကိုအပြစ်​မတင်​ကြပါနဲ့.. ငါတကယ်​​တောင်းပန်​ပါတယ်​ဟာ.. Darlor.. သူမ.. သူမငါ့ကိုကြည့်​​နေတယ်​.. ငါ့ကိုမုန်းတယ်​တဲ့.. မမြင်​ချင်​ဘူး.. နင်​ထွက်​သွား.. နင့်​ကိုငါမသိဘူး.. ငါ့ကိုသနားရင်​ ငါ့ဆီထပ်​မလာပါနဲ့​တော့.. အား.. အလင်း​တွေ.. အဲ့အလင်း​ရောင်​​အောက်​မှာ Darlor.. သူမက ငါ့ကို​ခေါ်​နေတယ်​.. မမြင်​ချင်​ဘူး.. ဘာကိုမှမမြင်​ချင်​​တော့ဘူး.. အား.."

အ​မှောင်​ခန်းထဲက သူမက သူအ​ကြောက်​ဆုံးအရာ​တွေက သူမဆီပြန်​လာ​နေပြီတဲ့.. ​ကြောက်​ရွံ့​နေတဲ့မျက်​လုံး​တွေ.. အရာရာကို အကုန်​​မေ့ပစ်​လိုက်​ချင်​​ပေမယ့်​ ​ခြောက်​လှန့်​​နေဆဲ မှတ်​ဥာဏ်​​တွေ..

အခုအချိန်​မှာ သူမအဖြစ်​ချင်​ဆုံးက အရာအားလုံးကို ထားပစ်​ခဲ့ဖို့.. ​မေ့ပစ်​လိုက်​ဖို့ပါပဲ..

" ငါ့ဆီပြန်​လာ​နေပြီ.. ငါ​ကြောက်​တယ်​လို့..  "

အခန်းထဲက ငိုသံ​တွေ.. ​ခြောက်​ခြားစရာ တိုးတိတ်​တဲ့ညည်းသံ​တွေ​ကြောင့်​ Johny တစ်​​ယောက်​လည်း စိတ်​မ​ကောင်းဖြစ်​​နေရသည်​..

အတိတ်​ဆိုးကြီးပြန်​​မပေါ်လာဖို့ အမြဲဆု​တောင်းခဲ့တာ မပြည့်​ခဲ့ပါလား.. ဖြစ်​ပျက်​ခဲ့သမျှ အရာအားလုံး ကိုယ့်​​ကြောင့်​ဆိုပြီး အမြဲအပြစ်​တင်​​နေခဲ့တာ.. အိပ်​မက်​ဆိုးက​နေ နိုးထပါရ​စေ​တော့..

" သား.. Karlor ​လေးအတွက်​ မီ​ယောဂုပဲ လုပ်​ထားလိုက်​ရမလား "

အန်​တီ​လေးကလည်း မအိပ်​နိုင်​​ဘဲ အ​ခြေအ​နေကို မကြာခဏလာကြည့်​​​သည်​.. Johny က​တော့ Karlor အခန်း​ရှေ့မှာပဲ အ​ခြေအ​နေကို အမြဲ​စောင့်​ကြည့်​​နေရသည်​..

အဖြစ်​အပျက်​​တွေ စဖြစ်​ကတည်းက တစ်​ပတ်​လုံးအလုပ်​မသွားနိုင်​​ပေ.. အာပါးရဲ့ကုမ္ပဏီမို့ အရာအားလုံးကို လျစ်​လျူရှုထားနိုင်​လို့​ တော်သေးသည်​..

Fly Away Where stories live. Discover now