သူမနဲ့ ထပ်တွေ့မယ်လို့ ပြောခဲ့ပေမယ့် ဆေးရုံကိုလည်း ထပ်ပြီးမရောက်ဖြစ်တော့... Appa ကလည်း ထင်ထားတာထက် ပိုမြန်မြန်ဆင်းလိုက်ရတာကြောင့်နဲ့ Schedule တွေပြည့်နေတာကြောင့်ရောပေါ့.. သူမလည်း အမြန်ဆုံးနေကောင်းလာပါစေ..
သူများတွေနဲ့မတူဘဲ ထူးခြားနေသောသူမကို စိတ်ထဲတစ်နေရာကနေ စွဲမြဲမှတ်မိနေတာကတော့ သေချာသည်..
ကဖေးဆိုင်ကို မရောက်ဖြစ်တာလည်း ခြောက်လကျော်နီးပါး ကြာခဲ့ပြီ.. သူမအကြောင်းတွေလည်း မကြားရတော့တာ ကြာခဲ့ပြီ..
တိုင်ဆိုင်မှုရှိရင်တော့ တစ်ခါတလေ သတိရမိသည်.. ဥပမာ.. ဂါဝန်လေးဝတ်ထားတဲ့ ဆံပင်ရှည်နဲ့ကောင်မလေးတစ်ယောက် အိတ်ကြီးကြီးလွယ်ထားတာကို မြင်မိတဲ့အချိန်.. Tours လှည့်နေတဲ့အချိန်တိုင်း ဟိုတယ်က ဘေးအခန်းမှာ Membersတွေ ရှိတာကို သိနေရက်နဲ့ အခန်းရှေ့မှာ ခဏရပ်ကြည့် နေမိတာမျိုး.. ဆေးရုံမှာ shooting ရှိတဲ့အချိန်မျိုးတွေမှာပေါ့..
သူမကလည်း ကျွန်တော့်နောက်ကို အမြဲလိုက်နေတတ်တဲ့ ကောင်မလေး မဟုတ်တော့ဘူးထင်ပါတယ်.. သူမပျောက်နေခဲ့တာ ကြာပြီ..
.................>>>>><<<<>>>>>>><<<<<<<<<..................
KL's ❤
မဟုတ်ဘူး.. သူမအမြဲတမ်းလိုလို ကောင်လေးနားမှာ ရှိနေခဲ့ပါတယ်.. ဟင့်အင်း.. ရှိနေချင်ခဲ့ပါတယ်.. ဆေးရုံမှာ ကောင်လေးနဲ့စပြီး စကားပြောခွင့်ရတဲ့နေ့က သူမနဲ့ကောင်လေးကြားထဲက တံတိုင်းကြီးခြားထားတာကို ပြန်သတိရတဲ့နေ့..
ကိုကို..
ကိုကိုက Karlor နဲ့ ကောင်လေးတို့ကို မြင်သွားခဲ့တယ်.. Karlor အခန်းထဲကို ပြန်လာတော့ ကိုကိုတို့က ဆေးရုံပြောင်းဖို့ ပြင်ဆင်နေကြပြီ..
ဟင့်အင်း.. ကောင်လေးရှိတဲ့ နေရာလေးမှာပဲ ဆက်နေချင်သေးတယ်..