8🌟

0 0 0
                                        

Athen ​ပြန်​ရောက်​လာတဲ့​နေ့ကစပြီး Karlor ကို အငယ်​မလို့ မ​ခေါ်​တော့ဘဲ အန်​တီ​လေးတို့ ​ခေါ်သလို Karlor​လေးလို့သာ ​ပြောင်း​ခေါ်ခဲ့သည်​..

^^^^^^*******^^^^^^

" မမAthen မပြီး​သေးဘူးလားဗျ.. ကိုကိုတို့လည်း ကား​ပေါ်​ရောက်​​နေကြပြီ.. မမပဲ ကျန်​​တော့တာ "

" ပြီးပါပြီဟယ်​.. ကား​ပေါ်က​နေပဲ​စောင့်​​နေပါဟ "

မမက​တော့ Makeup Artists လို့ မ​ပြောရဘူး.. တစ်​ခုခုသွား​ကြတိုင်း မပြီးနိုင်​မစီးနိုင်​ပြင်​​နေတာ​လေ.. အခုလည်း ဘုရား​ကျောင်းကို သွားဖို့​တောင်​မှ ဘာ​တွေဒီ​လောက်​ပြင်​​နေလည်းမသိ.. Karlor ​နေ​ကောင်းလာပြီးမှ မိသားစုလိုက်​ခရီးထွက်​တာ ပထမဆုံးဖြစ်​သည်​.. ဒါကလည်း မမAthen ရဲ့ အကြံတဲ့​လေ..

သူ့ကိုယ်​ပိုင်​လုပ်​ငန်းအတွက်​ အာပါးက Cosmetics Shop ဖွင့်​​ပေးထား​ပေမယ့်​ သူဝါသနာပါတဲ့ အလုပ်​အတွက်​ကို ​အောက်​​ခြေက​နေကြိုးစားရဦးမယ်​တဲ့.. အမြဲတမ်းလိုလို မနက်​လင်းကတည်းက အိမ်​ကထွက်​သွားပြီးရင်​ ညဉ့်​နက်​မှပြန်​​ရောက်​သည်​..

Karlor ကို ဂရုစိုက်​တာ​တော့သိပါတယ်​.. ​နေ့တိုင်း အလုပ်​ကပြန်​လာတိုင်းလည်း Karlor အတွက်​ မုန့်​​တွေ ယူလာ​ပေးသည်​.. တစ်​ခုပဲခက်​သည်​.. Karlor ကို သူအားတဲ့အချိန်​တိုင်း ဖုန်းဆက်​ပြီး Check ​တာပဲ.. သူ့ဖုန်းဆက်​တာကို မကိုင်​ရင်​ အိမ်​ပြန်​​ရောက်​တာနဲ့ Karlor အိပ်​​နေတာ​တောင်​ အတင်းနှိုးပြီးဆူသည်​..

Karlor တို့ အမြဲသွား​နေကျ ​ဘုရားကျောင်းကို သွားရင်​ အနည်းဆုံး ၃နာရီ​လောက်​ ကား​မောင်းရတာမို့ မနက်​ ၆နာရီ​လောက်​ကတည်းက အိမ်​ကထွက်​ကြသည်​.. ကိုကိုနဲ့ အန်​တီ​လေးတို့က ဘုရား​ကျောင်းကို မ​ရောက်​တာကြာပြီမို့ Karlor တို့ ငယ်​ငယ်​ကတည်းက ကိုးကွယ်​လာတဲ့ ဘုန်း​တော်​ကြီးဆီမှာ ကျန်​​နေခဲ့ကြသည်​.. မမAthenနဲ့ Karlorက ပန်းခြံထဲသို့ အရင်​သွားနှင့်​ပြီး ​စောင့်​​နေလိုက်​သည်​..

" ဟင်​.. မမAthen.. ဟိုဟာက.. Karlor.. "

" ဘာလဲ.. ​ရေခဲမုန့်​စားချင်​လို့လား.. သွားဝယ်​​ပေးမယ်​​လေ.. ဘယ်​မှ​လျှောက်​မသွားနဲ့​နော်​ "

Fly Away Where stories live. Discover now