Chapter 1

2.3K 197 119
                                    

နံနက်​မိုးလင်းစအချိန်​...
​နှင်းများကလည်း တဖွဲဖွဲကျဆင်း​နေသည်​။ရာသီဥတုမှာလည်း​အေးစိမ့်​စိ်​မ့်​နှင့်ေ။ပန်းအိုးထဲရှိ​ရေ​မွှေးနှင်းဆီ အနံ့​လေးမှာလည်း အခန်းထဲတွင်​သင်း​သင်း​လေး​မွေးပျံ့​နေသည်။နာရီက​တော့ ၈နာရီတွင်​ညွှန်​ပြ​နေသည်​။

Laptop​ရှေ့တွင်​ဆံပင်​ဖားလားချကာ အိပ်​ငိုက်​နေသည့်​မိန်းက​လေးတစ်​ယောက်​။ညအိပ်​ဂါဝန်​ကို ဝတ်​ထားကာ မျက်​ကွင်းများကလည်း​ချောက်​ထဲကျ​နေသည်​။အိပ်​ချင်​မူးတူးဖြင့်​ခုံ​ပေါ်မှ ထကာ ပြတင်း​ပေါက်​ကို ဆွဲ​ဖွင့်​တော့​လေ​အေး​တွေက မျက်​နှာကို လာ​ရောက်​ရိုက်​ခတ်​နေသည်​။

ခရမ်း​ရင့်​ရောင်​ရှုပ်​ပွ​နေ​သော ဆံပင်​များက မျက်​နှာ​ပေါ်လာ​ရောက်​ညှိ​နေသလို ညအိပ်​ဂါဝန်​အနက်​မှာလည်း ဖားလားဖားလားဖြင့်​လေထဲလွင့်​မြော​နေသည်​။သူမ၏​မျက်​မှန်​ကြားက မျက်​ဝန်းတစ်​စုံမှာ​တော့ စူးရဲ​တောက်​ပ​နေ​လေသည်​.။

ရုတ်​တရပ်​ဆိုသလို စားပွဲ​ပေါ်ရှိ PHONE မှာ အသံမြည်​လာသည်​။
​ဖုန်းScreenတွင်​ပေါ်​နေသည့်​နာမည်​ကိုမြင်​လ်ိုက်​ကတည်းက ဘာကိစ္စ​ပြောမည်​မှန်​တပ်​အပ်​သိ​နေ​သော်​လည်း ဝတ္တရားအရ ဖုန်းကိုင်​လိုက်​ရ​တော့သည်​။

"Hello.Venessa လား.....case တစ်​ခု​ပေါ်လာလို့ မနက်​၇နာရီ​၅ မိနစ်​လောက်​ကHana စား​သောက်​ဆိုင်​မှာ လူသတ်​မှုဖြစ်လို့ သတင်းရတယ်​....Chief က မင်း​ကို​ဖြေရှင်း​ပေးပါလို့ အကူအညီ​တောင်းခိုင်းလို့...."

ဖုန်းတစ်​ဖက်​မှ စကား​ကြောင့်​Venessa​မျက်​နှာတွင်​အပြုံးတစ်​ခု​ပေါ်လာသည်​။ခုံကိုလက်​ဖြင့်​တ​တောက်​တောက်​ခေါက်​နေရင်း စကားကို ဆက်​ပြောလိုက်​သည်​။

"Chief က ဘာလို့ သူကိုယ်​တိုင်​လာမ​ပြောတာလဲ...."

"Venessa.....မရစ်​ပါနဲ့ကွာ...Chief အစား ငါ​တောင်းပန်​တယ်​...ငါ့မျက်​နှာ​လေး​ထောက်​ထားပြီး​တော့ လာ​ပေးပါကွာ....."

" နင့်​မျက်​နှာကို​ထောက်​ထားပြီး ငါကူညီမယ်​.....​နောက်​၁နာရီအတွင်း​ရောက်​လာမယ်​....​စောင့်​နေ......ပြီး​တော့.....​ခြေရာလက်​ရာ​တွေ မပျက်​ပါ​စေနဲ့...."

Midnight Flower (Season 1)Where stories live. Discover now