Venessa အိတ်ထဲမှ ကားသော့ကို ထုတ်ယူကာ ကားရှိရာနေရာသို့ သွားလိုက်သည်....ကားပေါ်သို့တက်လိုက်ပြီးနောက်ထို လူစုလူဝေးနှင့်ကင်းရာ လမ်းမထက်သို့မောင်းထွက်သွားတော့သည်..
Supermarketတစ်ခု၏ Parking တွင်ကားကို ထားခဲ့ကာဈေးဝယ်ထွက်တော့သည်....Snack Lane ကို အရင်သွားကာချောကလက်ဝေဖာ...ကွတ်ကီး ...အာလူးကြော်ဘူး....စပျစ်သီးခြောက်....ကိတ်ခြောက်တိုိ့ကို တွန်းလှည်းလေးထဲ အပြည့်ထည့်လာသည်...အအေးပုလင်းများကိုလည်း စိတ်ကြိုက်ထည့်နေသလိုခေါက်ဆွဲခေါက်ထုပ်များကိုလည်း အလကားပေးနေသည့်ပမာ ပစ်ထည့်နေသည်......
ထို့နောက်Coffeeပုလင်းများနှင့်လက်ဖက်ခြောက်ထုပ်များကိုပါ အဆစ်ဆွဲထည့်နေသေးသည်....အသားလုံးတချို့...အသီးအရွက်တစ်ချို့ နှင့်နို့ပုလင်း တချို့ကို ထည့်ပြီးနောက်တွန်းလှည်းမှာ ပြည့်သွားတော့သည်.....ပြည့်လျှံနေသော တွန်းလှည်းကိုငွေရှင်းကောင်တာသို့ သယ်လာကာငွေရှင်းပြီးနောက်အထုပ်များကို ဆွဲကာ ကားဆီသို့ ပြန်လာသည်...ကားနောက်ဖုံးထဲ အထုပ်များတင်ပြီးနောက်အိမ်သို့မောင်းထွက်သွားတော့သည်......
Venessaနေထိုင်သည့်၁၂လွှာသို့ အထုပ်များကိုသယ်လာရသည်မှာ လွယ်ကူလှသည်မဟုတ်....ယနေ့ မီးလာ၍တော်သေးသည်...မဟုတ်ပါက ဓာတ်လှေကား နှင့်မတက်ရဘဲလှေကားနှင့်တက်ပြီး ထို အထုပ်များကို သယ်ရပါကနောက်နေ့ လက်မောင်းများတောင့်နေမည်မှာ မလွဲပေ.....
အိမ်သို့ပြန်ရောက်တော့နေ့လည်၃နာရီပင်ထိုးနေပြီ.....အလွန်ပင်ပန်းလာသဖြင့်အထုပ်များကို ပစ်ချကာသော့ကိုသေချာခတ်ပြီး Long Coat ကို ချိတ်ပေါ်တင်ပြီးနောက်အိပ်ယာထဲ ဝင်အိပ်နေတော့သည်....
အိပ်ယာမှ နိုးလာတော့ ညနေ ၆နာရီ ခွဲပင်ဖြစ်နေပြီ...
ဗိုက်ထဲမှလည်း အလွန်ဆာလောင်လှေသာကြောင့်ဂွီဂွီ ဂွမ်ဂွမ်ပင်မြည်နေပြီ.....အချိန်အခါမဟုတ်အိပ်မိသောကြောင့်တကိုယ်လုံးနုန်းချိနေကာ စိတ်ထဲလည်းမကြည်တော့ပေ....
![](https://img.wattpad.com/cover/163654129-288-k178552.jpg)
YOU ARE READING
Midnight Flower (Season 1)
Acciónသန်းခေါင်ယံအချိန်မှာ ပွင့်တဲ့ ပန်းတစ်ပွင့်ဟာ တခြားပန်းတွေထက်ပိုမိုလှပတယ်ဆိုတာ လူတိုင်းသိကြပါတယ်...ဒါပေမယ့်သူတို့က အဆိပ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကော သိကြပါရဲ့လား Own Creation Not Translation Starting date Oct 5 2018 The First Season...